စိုင်းလင်္ကာတစ်ယောက် ပန်းချီဆွဲတဲ့ခန်းမှ ထွက်လာပြီး အောက်ထပ်က ဆိုင်ကို ဆင်းလာခဲ့တယ်။
သူတစ်နေ့လုံး ပန်းချီဆွဲနေတာကြောင့် ဘာမှ မစားရသေးဘူး။ဆိုင်ပိတ်ချိန်ရောက်နေပြီမို့ ညှို့ကလည်း ပြန်သွားလောက်ပြီ။ နောက်ဆုံးမှာ သူ ခေါက်ဆွဲပြုတ်နဲ့ ညားမဲ့ပုံပါဘဲ။
ဒါပေမဲ့ သူအောက်ထပ်ရောက်လာတော့ ဆိုင်က ပိတ်မထားသေးဘူး။
"ရှိုင်းခန့် ဘာလို့ ဆိုင်မပိတ်သေးတာလဲ ၁၀နာရီထိုးနေပြီလေ"
အရောင်းကောင်တာမှာ ရှိနေတဲ့ သူ့ဆိုင်ရဲ့ ဝန်ထမ်း ၂ယောက်ထဲမှ တစ်ယောက်ဖြစ်တဲ့ ရှိုင်းခန့်ကို စိုင်းလင်္ကာ မေးလိုက်တယ်။
"customer တစ်ယောက်က မပြန်သေးဘူး အကို ကျွန်တော် အရမ်းပြန်ချင်နေပီ"
ရှိုင်းခန့်က ရှုံ့မဲ့ကာ ပြောလာတယ်။
စိုင်းလင်္ကာ ရှိုင်းခန့်ကြည့်နေရာဘက်ကို လိုက်ကြည့်လိုက်တယ်။ ထိုနေရာ သူတို့ကို ကျောပေးထိုင်ထားပြီး သူ့ရဲ့ ပန်းချီကားကို စိုက်ကြည့်နေတဲ့ ကောင်လေးတစ်ယောက်ရှိနေတယ်။
"မင်းပြန်လိုက်တော့ ဆိုင်ကို ငါပိတ်လိုက်မယ်"
"အရမ်းကို ဝမ်းသာတာပေါ့ဗျာ"
ရှိုင်းခန့်က သူ့ရဲ့ ကျောပိုးအိတ်ကို ယူပြီး ဝမ်းသာစွာပြန်သွားခဲ့တယ်။
ရှိုင်းခန့်ပြန်သွားတော့ စိုင်းလင်္ကာက သူ့ရဲ့ပန်းချီကားကို စိုက်ကြည့်နေတဲ့ ကောင်လေးဆီကို သွားလိုက်တယ်။
"ညီလေး အကိုတို့ဆိုင်ကပိတ်နေပြီ"
သူခေါ်လိုက်တော့ သူ့ကို လှည့်ကြည့်လာခဲ့တယ်။ စိုင်းလင်္ကာ ထိုမျက်နှာကို မြင်လိုက်တော့ တအံ့တဩ ဖြစ်သွားတယ်။
"ကျွန်တော် အရမ်းချောမှန်းသိပေမဲ့ ယောက်ျားချင်းအဲ့လိုစိုက်ကြည့်နေတာက လွန်တယ်နော် bro"
ထိုကောင်လေး စကားကြောင့် စိုင်းလင်္ကာ နည်းနည်းတောင် ရှက်သွားတယ်။