သွန်းနေခြည်တစ်ယောက် အိမ့်နဒီ ကြိုပေးဖို့ပြောတဲ့ KTVဆီကို ခပ်သွက်သွက်ထွက်လာခဲ့တယ်။ Welcome မှာရှိနေရမဲ့သူက KTVကို ဘယ်လိုရောက်သွားလဲဆိုတာသူမ စဥ်းစားမရဘူး။
ဒါပေမဲ့ သူမရဲ့ အဲ့အတွေးက KTVရှေ့မှာ ပန်းစည်းတစ်ခုကို ကိုင်ပြီး အိမ့်နဒီနဲ့စကားရပ်ပြောနေတဲ့ ချစ်လွန်းသူကို တွေ့လိုက်ရတော့ လုံးဝရှင်းလင်းသွားတယ်။
"အိမ့် မမကိုနောက်နေတာမလား"
ချစ်လွန်းသူ မယုံကြည် လက်မခံနိုင်တဲ့ ပုံစံနဲ့ အိမ့်နဒီကို ကြည့်ကာ မေးလိုက်တယ်။
အိမ့်: "အိမ့်နောက်နေတာ မဟုတ်ပါဘူး တကယ်ပြောနေတာပါ"
ချစ်: "ဒါဆို ဘာလို့.. ခုဏကတည်း မငြင်းလိုက်တာလဲ ဘာလို့ မျှော်လင့်ချက်ပေးရတာလဲ"
အိမ့်: "အိမ့်က မမသူကို သူငယ်ချင်းတွေကြားမှာ မျက်နှာမပျက်စေချင်ရုံပါ မျှော်လင့်ချက်ပေးမိသလို ဖြစ်သွားရင် အိမ့်ကဘဲတောင်းပန်ပါတယ်"
ချစ်: "မဟုတ်သေးဘူးလေး မမက ဒီနေ့ကို မမတို့ရဲ့ first day လို့တောင် သတ်မှတ်ထားပြီကို"
"အမ ဘယ်လို သတ်မှတ်သတ်မှတ် အိမ့်က အမကို ငြင်းလိုက်ပြီလေ"
အနားရောက်လာပြီဖြစ်တဲ့ သွန်းနေခြည်က အိမ့်နဒီရဲ့အရှေ့မှာ ကာရပ်လိုက်ပြီး ပြောလိုက်တော့တယ်။
အိမ့်: "သွန်း"
သွန်း: "ဒီတော့ ညီမတို့ သွားလိုက်ပါအုံးမယ် ခွင့်ပြုပါအုံး"
ပြောလို့ပြီးတာနဲ့ သွန်းနေခြည်က အိမ့်နဒီကို ဆွဲခေါ်ပြီးနေရာမှ ထွက်သွားလိုက်တယ်။ ဒါကြောင့်ချစ်လွန်းသူရဲ့ မျက်နှာက လှောင်ပြုံးကိုတော့ သူမ မမြင်လိုက်တော့ဘူး။
..............
"အိမ့်"
အပြန်လမ်း တစ်လျှောက်လုံး တိတ်ဆိတ်နေတဲ့ သွန်းနေခြည်က အခန်းထဲရောက်မှ စကားစပြောလာခဲ့တယ်။
အိမ့်: "အင်း"
သွန်း: "နောက်တစ်ခါ အဲ့အမခေါ်ရင် လိုက်မသွားနဲ့နော် ဖြစ်နိုင်ရင် ရှောင်နေလိုက် ပြီးတော့ တစ်ခုခုဆို ငါ့ကို ချက်ချင်း အကြောင်းကြား ကြားလား"