မနက်ရောက်တော့ ရွှေရတီဦးက ဟော်တယ်ကနေ ×××ဆေးရုံဘက်ကို ထွက်လာလိုက်တယ်။ ပြီးတော့ သူမ ဆေးရုံရှေ့မှာ ဒေါက်တာမြတ်ထွန်းအလာကို စောင့်နေခဲ့တယ်။
သူမ အချိန်အတော်ကြာအောင် စိတ်ရှည်လက်ရှည်စောင့်ပြီး ၉နာရီလောက်ရောက်တော့ ဒေါက်တာမြတ်ထွန်းက ကားအဖြူနဲ့ ဆေးရုံထဲဝင်လာခဲ့တယ်။ ရွှေရတီဦးမြင်ပြီးချင်းဘဲ ထိုကား ရပ်သွားတဲ့ဆီကို သွားသွားမိတယ်။
"ဆရာ"
ဦးမြတ်ထွန်းက ကားပေါ်ကဆင်းဆင်းချင်း သူ့ရဲ့အနားကို ရောက်ချလာတဲ့ကလေးမကြောင့် နည်းနည်းတော့အံ့ဩသွားတယ်။ သူက ရွှေရတီဦးကို တစ်ချက်ကြည့်ရုံနဲ့ ဘယ်သူဆိုတာကို တန်းပြီးမှတ်မိတယ်။ သူမရဲ့မျက်နှာက သူမအမေနဲ့ တစ်ပုံထဲဘဲလေ။
"ဘာကိစ္စရှိလို့လဲ"
"မေးစရာရှိလို့ပါ"
"အင်း မေးလေ ဘာမေးမလို့လဲ"
သဘောတူညီချက်ရလိုက်ပေမဲ့ ရွှေရတီဦး ဘာမေးရမှန်းမသိနေဘူး။
နောက်တော့ သူမလက်ထဲမှာကိုင်ထားတဲ့ဖုန်းကို ဒေါက်တာမြတ်ထွန်းကို ပြလိုက်တယ်။"ဒီကအမျိုးသမီးက သဇင်ဦးလေ ရတီရဲ့အမေပါ အမေက ဦးနှောက်ကင်ဆာနဲ့ ဆုံးတယ်လို့ သိထားခဲ့တာ ဒါပေမဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက ရတီကို ဒါကို တစ်ယောက်ယောက်က ပို့လာတယ်"
ရွှေရတီဦး ဆေးလက်မှတ်ရဲ့ပုံကို ပြလိုက်တယ်။
"ရက်စွဲက အမေမဆုံးခင် ရက်ပိုင်းအလိုက ရက်စွဲဖြစ်နေတယ်လေ ပြီးတော့ အမေ မဆုံးခင်ကလည်း အမေ့မှာ ဦးနှောက်ကင်ဆာရဲ့ လက္ခဏာတွေလည်း မပြခဲ့ဖူးတော့ တကယ်ဘဲ ဦးနှောက်ကင်ဆာနဲ့ ဆုံးတာ ဟုတ်ပါ့မလားလို့ပါ ဆရာတသ်ခုခုများ သိမလားလို့"
သူမ စကားကို တရစပ်ပြောနေပေမဲ့ ဦးမြတ်ထွန်းကတော့ ပုံကိုသာ စိတ်ဝင်တစားကြည့်နေခဲ့တယ်။
"ဒါက တော်တော် ထူးဆန်းတယ် လက်မှတ်က ဆရာ့လက်မှတ်ဘဲ စာတွေက ပြင်ထားတာ သမီးကို ဘယ်ကပ်ု့လာတာလဲ"