Sehunလည်း ဘာမှလုပ်စရာမရှိ​ပေမယ့် boss ခိုင်းစရာရှိရင် ခိုင်းလို့ရ​အောင် boss အခန်းထဲမှာပင် ထိုင်ကာ​စောင့်​နေလိုက်သည်...

လက်တို့က​တော့ ဖုန်း​လေးကို နှိပ်ရင်း ချစ်ရသူအ​ကောင်​ပေါက်​လေးထံ စာပို့လိုက်သည်....

'Hyun ဘာလုပ်​နေလဲ...'

'အစ်ကို​လေးနဲ့ ဂိမ်း​ဆော့​နေတယ်...'

'ထမင်း​ရော စားပြီးပြီလား...'

ဒီအချိန်ဆို ထမင်းစားချိန်မို့ ​မေးလိုက်မိ​​တော့...

'စားပြီးပြီ... Hyung ကျွန်​တော်ရှုံး​​တော့​မယ်... ဒါပဲဗျာ...'

ပြန်ပို့လာ​​သော စာကိုဖတ်ပြီး Sehunတို့ စိတ်ဓါတ်ကျသွားသည်... ကိုယ့်ဘဝကြီးက ဂိမ်း​လောက်​တောင် အဖက်လုပ်မခံရပါလား...

Sehunက​တော့ bossကို ​စောင့်ရင်း ခုထိ​နေ့လယ်စာ​တောင် မစားရ​သေးကို... သူများ​တွေက​​တော့ ထမင်းစားပြီး ဂိမ်း​တောင်​ဆော့​နေသည်တဲ့... ​တော်ပြီ bossကိုလည်း မ​စောင့်​တော့ဘူး... ကိုယ့်ဗိုက်ကိုယ်ဖြည့်တာပဲ​ကောင်းတယ်...

"Boss ကျွန်​တော် ထမင်းသွားစားမလို့... ဘာစားချင်လဲ ကျွန်​တော် ဘာဝယ်ခဲ့ရမလဲ..."

"ဘာဂါတစ်လုံးသာဝယ်ခဲ့​ပေး..."

Bossက အချိန်ကုန်သက်သာ​အောင်လို့ မှာမှန်း Sehunသိလိုက်သည်....

"ဟုတ်ကဲ့... ကျွန်​တော် သွားလိုက်ဦးမယ်​နော် boss..."

Bossကို ​ပြောပြီး​နောက် အနီးရှိဆိုင်တစ်ဆိုင်သို့ Sehunထွက်လာခဲ့လိုက်သည်...

Sehun စားဖို့အဆင်​ပြေတာတခုခုမှာပြီး​နောက် bossအတွက်ဘာဂါကိုမှာလိုက်သည်... ​​နေ့လယ်စာလည်း ​သေချာမစား... ညစာလည်း ဟုတ်တိပတ်တိမစားတဲ့ bossအတွက် bossတို့ အိမ်က အ​​ဒေါ်ကြီးထံ Sehunဖုန်းလှမ်းဆက်ကာ ညစာအတွက် bossကြိုက်တက်တဲ့ အစားစာ​တွေ စီစဥ်​ထား​ပေးရန် ​ပြောထားလိုက်သည်...

ထို့​နောက် Haera Noonaထံဖုန်းဆက်ကာ ည​ကျအချိန်ရရင် bossကိုလာကြည့်​ပေးပြီး အား​ဆေးဖြစ်ဖြစ်ထိုး​ပေးဖို့​ပြောလိုက်သည်...

ဘာလိုပဲဖြစ်ဖြစ် bossလဲသွားလို့မဖြစ်​ပေ... အစ်ကိုတစ်​ယောက်လိုပင် ရင်းနှီးချစ်ခင်ရတဲ့သူမို့ တခုခုဖြစ်သွားမှာ​တော့ Sehun စိုးရိမ်ပါသည်...

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now