Ending message for you

441 17 1
                                    

Ending message လေးလာပါပြီ...။

ကျေးဇူးတင်စကားလေး ပြောပါရစေရှင်။ Viewer 1 ကထဲကနေ အခုချိန်ထိ အားပေးခဲ့ကြတဲ့ ဒါဒါတို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဝန်ခံရရင် စရေးတုန်းက ဒီလောက်ထိလဲမမျှော်လင့်ခဲ့သလို အခုလို Feedback လေးတွေအများကြီးနဲ့ အားပေးမယ်လို့ တကယ်ကိုမမျှော်လင့်ခဲ့တာပါ။ ဒါပေမယ့်လဲ ဒါဒါတို့ရဲ့အားပေးမှုကြောင့် Dry leaf လေးအတွက် ထင်က အရမ်းကိုအားရပြီး ကျေနပ်ခဲ့ရပါတယ်ရှင်။

Feedback လေးတွေ ပေးတဲ့ ဒါဒါတို့ကြောင့်ရော ထင်အရမ်းပီတိဖြစ်ရပြီး Library name လှလှလေးတွေဖတ်ပြီးလဲ ကြည်နူးရပါတယ်ရှင်...။ အမြဲတမ်းလဲ Feedback လေးတွေ ပြန်ဖတ်ပါတယ်ရှင်။ အဲ့တာမှ ရေးရတာအားတက်တာမို့လို့။ Hee...😁

ဒါဆို ဒီအပိုင်းမှာတော့ ထင့်ရဲ့အရေးသားလိုအပ်မှုကြောင့်ဖြစ်စေ လိုအပ်ခဲ့မယ်ထင်တဲ့နေရာလေးတွေကို ထင်ဖြည့်စွက်ပေးပါရစေရှင်။ မရှင်းတာတွေဖြစ်သွားရင်လဲ မေးလို့ရပါတယ်နော်။

Q: အကိုက ကလေးကို ချစ်ခဲ့ဖူးလား?

A: ဟုတ်ကဲ့။ ၁၇နှစ် ၁၈နှစ်အရွယ် ကျောင်းသားလေးအကိုက ကလေးကို ချစ်ခဲ့ပါတယ်။

Q: အဲ့တာဆို အခုထက်ထိရောချစ်နေ‌သေးလား? ချစ်နေသေးရဲ့နဲ့ သင့်တော်တဲ့လူကို ရွေးခဲ့တာလား?

A: ဒီမေးခွန်းကိုတော့ ယတိပြတ်ငြင်းပါရစေရှင်။ အခုထိချစ်နေသေးတဲ့ အချစ်က ညီလေးတစ်ယောက်ကို အစ်ကိုတစ်ယောက်က ချစ်တဲ့အချစ်ပဲဖြစ်ပါတယ်ရှင်။ အသက်၂၈နှစ်အရွယ် အကိုချစ်ရတဲ့သူက သူ့ရဲ့လက်တွဲဖော်တစ်ယောက်ထဲသာ ဖြစ်ပါတယ်။ သင့်တော်တဲ့လူကို ရွေးခဲ့တာမဟုတ်ဘဲ အကိုကိုယ်တိုင်က သူ့လက်တွဲဖော် Doyoungie ကိုချစ်တာပါရှင်။

Q: အတိတ်ကအကို့မှာရှိတဲ့ အကြောင်းပြချက်တွေကို မဖော်ပြတော့ဘူးလား?

A: အတိတ်ကို အတိတ်မှာပဲ ချန်ခဲ့ပါတော့တာ အကောင်းဆုံးဖြစ်မယ်နဲ့တူပါတယ်ရှင်။

Q: အကိုရေးထားတဲ့စာလေးရဲ့နောက်ဆုံး အမြဲထပ်တူညီတဲ့ စာကြောင်းဆိုတာက ဘာလဲဟင်...?

A: ဒါဒါတို့လဲ ရိပ်မိပြီးဖြစ်မှာပါ။ နှစ်နှစ်လောက်ပို့ခဲ့တဲ့စာတွေမှာ အကိုက ကလေးကို ချစ်တယ်လို့ အမြဲရေးပြီးပို့ခဲ့ပါတယ်ရှင်။ တကယ်တော့ ကလေးကမဖတ်ဖြစ်ခဲ့တာပါ။

Q: Character လေးတွေအကြောင်း အကျဉ်းချုပ်...

A: အကိုကကျတော့ အတိတ်ကနာကျင်မှုတွေကို မဖက်တွယ်တော့ဘဲ အချစ်ဦးလေးကိုမေ့ပြီး အချစ်ဆုံးလူကို ထပ်ရှာနိုင်ခဲ့တဲ့ ပုံစံပေါ့... Jaemin လေးကကျတော့ သူအမြဲချစ်ခဲ့ရတဲ့ အချစ်ဦးကို မမေ့နိုင်ခဲ့တဲ့ တစ်သက်မှာတစ်ခါပဲတွေ့တဲ့အချစ်နဲ့ ချစ်တတ်တဲ့ပုံစံမျိုးလေးပေါ့။

ကဲ...နှုတ်ဆက်ကြရပါပြီ။ လွမ်းနေတော့မှာပဲ။ အမှတ်တရတွေအများကြီးရှိတဲ့ Fic ကလေးကို ခွဲရတော့မယ်။ ဒါဒါတို့ကို ထပ်ကျေးဇူးတင်ပါရစေရှင်။ နောက်ထပ် System လေးတစ်ပုဒ် ကြိုးစားပြီးရေးကြည့်နေပါတယ်ရှင်။ OTP ကတော့ Jaedo ပါ။ Wall ထဲမှာ တင်ထားပါတယ်ရှင်။

Promotion လေးဆင်းရမယ်ဆိုရင် Dry leaf လေးနဲ့ အမျိုးအစားလုံးဝမတူပါဘူးရှင်။ ဒွမ်မာကင်းစင်ပြုံးပျော်ရွှင်လေးပေါ့။ အရမ်းကြီးမရီရင်တောင် ပေါ့ပေါ့ပါးပါးလေးမို့လို့ နည်းနည်းတော့ပြုံးရမှာပါ။

Luv you all.......🧡🧡🧡

အသစ်အသစ်တွေနဲ့ပြန်လာခဲ့ပါမယ်ရှင်။ 

Dry leaf in my DiaryOù les histoires vivent. Découvrez maintenant