ကြိုးချင်းငြိဖို့ လမ်းပြသူဟာ အကိုဖြစ်ခဲ့ပြီး ငြိတွယ်ခါနီးကြိုးကို ဖြတ်တောက်ပစ်ခဲ့တာကလဲ အကိုပဲဖြစ်ခဲ့ပြန်ပါတယ်... ဒါကိုတောင် ကျနော်က လုပ်ရက်လိုက်တာလို့ မထင်ဖြစ်ခဲ့ဘဲ လုပ်သင့်ပါတယ်လိုပဲ တွေးခဲ့တာမျိုး...။
.....................
"ဟုတ်လား... ဦး သားကိုပြောလိုက်မယ်လေ... သားတို့ကလိုက်ပို့ပြီး ပြန်လာနေပြီလား..."
အပြင်က ဒယ်ဒီရဲ့ဖုန်းပြောသံကို ကြားနေပေမယ့် ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ စောင်ခေါင်းမူးခြုံပြီးသာအိပ်နေလိုက်တယ်။ ရင်ဘတ်ထဲမှာက တကယ်ပြီးသွားပြီဖြစ်တဲ့ မာဖလာအဖြူလေးကို ဖက်ပြီးတော့ပေါ့။ အကိုရေ... အကို့အတွက်ရည်ရွယ်ထားတဲ့ မာဖလာလေးမို့လို့ အောက်ဖျားလေးမှာ J ဆိုတဲ့ စာလုံးလေးကိုပါ ထည့်ထိုးပေးထားတယ်။ ဒါပေမယ့် ပေးဖြစ်မယ်လဲ မထင်ပါဘူးအကိုရယ်။
တစ်ပတ်လောက်အိမ်တွင်းပုန်းလုပ်ပြီး ဘယ်သူနဲ့မှလဲ အဆက်သွယ်တွေမလုပ်။ Yuta တို့ WinWin တို့နဲ့လဲ မတွေ့ဖြစ်နဲ့ တစ်ယောက်ထဲပဲသူနေဖြစ်တယ်။ ညဘက်တွေဆို အချိန်မတော်ထိတစ်ယောက်ထဲ အပြီးမသတ်သေးတဲ့ မာဖလာလေးကိုထိုင်ထိုးနေတတ်လို့ မနက်ဖက်တွေမှာ အိပ်ရာထနောက်ကျတယ်။ မိသားစုဝင်တွေကို ပေးမိတာကတော့ Gameဆော့နေတယ်ဆိုတဲ့ ဆင်ခြေတစ်ခုရယ်ပါ။ အခုလဲနေ့လယ်စာစားချိန်ရောက်နေပြီဆိုတာ သိတယ်။ သွားတိုက်မျက်နှာသစ်ပြီး ပြန်အိပ်နေလိုက်တာပဲ။ သူမှမထချင်သေးတာ။
"သားလေး........."
အခန်းဝကနေ ဒယ်ဒီခေါ်နေတယ်ဆိုတာ သိပေမယ့် သူမျက်လုံးတွေကို ဇွတ်မှိတ်ပြီးသာ အိပ်ချင်ယောင်ဆောင်နေမိပြန်တယ်။ မနေ့ညက အိပ်မက်တွေမကောင်းဘူး ဒယ်ဒီ။ သားစိတ်တွေ အရမ်းလေးနေလို့ ဘယ်လိုလုပ်ရမလဲ။
"ဟိုကလေးက ဒီနေ့သွားမှာတဲ့... Yuta တို့ပြောတာ... သားကိုဘယ်လိုမှဆက်သွယ်လို့မရလို့တဲ့... Ph ပိတ်ထားတာလား..."
ဒယ့်ဒီရဲ့စကားအဆုံးမှာ သူ့ရဲ့ဟန်းဆက်လေးကို ကြည့်မိတော့ missed call ပေါင်းများစွာ။ အကိုကသွားပြီတဲ့လား။ သူ့ကိုမနှုတ်ဆက်ပဲနဲ့လေ။ တကယ်ကို နောက်ဆုံးအချိန်ထိ အကိုကသူ့ကို လှည့်မကြည့်ခဲ့တာပါပဲ။ ဒါပေမယ့်လဲ ဒီတိုင်းကြီးတော့ လွှတ်မပေးနိုင်တာ အကို့အပေါ်ထားတဲ့ ကျနော့်ရဲ့နောက်ဆုံးမျှော်လင့်ချက်လေးပါ။
YOU ARE READING
Dry leaf in my Diary
Fanfiction(Unicode) You are such a dry leaf in my diary or in my beautiful memories.