Part 15

161 18 4
                                    

မဖြစ်နိုင်ဘူးဆိုတဲ့အရာမှန်သမျှကို ဖြစ်လာနိုင်စေတာ အချစ်ပါပဲ အကို...။

ကံကြမ္မာစီမံရာဆိုတဲ့ စကားလုံးကြီးကို အစနပျောက်ချိုးဖျက်နိုင်တာကလဲ အချစ်ပါပဲ...။

အဲ့လောက်ထိအင်အားကြီးမားတဲ့အချစ်ကို အကိုမို့လို့ တန်ဖိုးမထားခဲ့တယ်...။

.....................

သူ့မျက်လုံးတွေ ပွင့်လာခဲ့တော့ မြင်နေရတဲ့နေရာက သူ့အိပ်ခန်းမှာပါပဲ။ သူထဖို့ကြိုးစားပေမယ့် ခြေတွေလက်တွေကို မသယ်ချင်လောက်အောင် သူပင်ပန်းနေတယ်။ အဲ့အချိန်မှာပဲ တံခါးကိုဖွင့်ပြီးဝင်လာတဲ့ ဒယ်ဒီ့ကိုသူပြုံးပြလိုက်တယ်။

"သားနိုးလာပြီလား..."

သူခေါင်းကိုခပ်ဖွဖွငြိမ့်ပြလိုက်တော့ ဒယ်ဒီကသူ့ကို အပြုံးကြီးကြီးတစ်ခု လက်ဆောင်ပြန်ပေးတယ်။

"သားမာမီက ကျောင်းတက်ဖို့ခွင့်ပြုပေးမယ်တဲ့..."

ကိုယ်တိုင်တောင်မသိလိုက်ဘဲ နှုတ်ခမ်းတွေဟလိုက်မိတဲ့အထိ အံ့ဩမိနေတဲ့ သူ့ကိုဒယ်ဒီက ရီလေတယ်။

"သားကို ဒယ်ဒီကအပြစ်မတင်ဘူး... သားမာမီကလဲ ဖြစ်နေတုန်းမို့လို့ သွေးပူပြီးပြောလိုက်တယ်ဆိုတာ သားနားလည်တယ်မလား... သားမာမီက သားကိုကလေးလေးလို့ပဲမြင်ပြီး သူ့ထက်ပိုချစ်တဲ့သူရှိမှာစိုးလို့ သဝန်တိုနေတာ... ဟားဟား..."

"ကျေးဇူး ဒယ်ဒီ... သားဘာပြောရမှန်းတောင် ... သား ..."

ပြောနေရင်းနဲ့ အသံဆက်ထိန်းမထားနိုင်တော့တဲ့ သူကရှိုက်ကြီးတငင်ကို ငိုကြွေးမိပါတော့တယ်။ ဒယ်ဒီက သူ့ကိုဖက်ထားပေးရင်း ပခုံးလေးကိုခပ်ဖွဖွပုတ်ပေးတော့ သူငိုနေရင်းကနေ ရီမိပြန်တယ်။ အခုချိန်ထိ သူ့ကိုတကယ့်ကို ကလေးလေးလို့ပဲမြင်နေသေးတာပဲ။

ဒယ်ဒီအခန်းထဲကထွက်သွားတော့ သူ့ဘေးနားက စားပွဲပေါ်မှာတင်ထားတဲ့ ပြီးခါနီးသိုးမွေးမာဖလာအဖြူလေးကို ယူပြီးနမ်းရှိုက်လိုက်တယ်။ ကျနော်တို့မဝေးကြရအောင် အကို။

......................

"မာမီရော..."

နည်းနည်းထပ်အိပ်ပြီး အရှင်းကြီးမဟုတ်ရင်တောင် အားပြန်ပြည့်လာပြီဖြစ်တဲ့ သူကအိမ်အောက်ကိုဆင်းပြီး မာမီ့ကိုရှာလိုက်တယ်။ ကျေးဇူးတင်စကားပြောရဦးမယ်မလား။ ဒါပေမယ့် အိမ်တစ်အိမ်လုံးမှာ သူဒယ်ဒီ့ကိုပဲတွေ့ရတော့ အထူးဆန်းတွေကိုဖြစ်လို့။

Dry leaf in my DiaryDonde viven las historias. Descúbrelo ahora