Part 2

195 23 0
                                    

စတင်ခြင်းတစ်ခုဟာ လှပခဲ့ပါတယ်...

အဆုံးသတ်ကို မသိရမချင်းပေါ့...

.....................

"Na Na ရေ... မနက်စာ နွားနို့ သောက်သွားဦး..."

ထမင်းစားခန်းမှ အဒေါ့်ရဲ့အသံကိုကြားလိုက်ရချိန်တွင် Jaemin တို့နှုတ်ခမ်းဆူလေပြီ။ ဟုတ်တယ်။ ခေါ်ချင်းခေါ် Daddyကိုခေါ်ပါလား။ မျိုးရိုးက Na ပဲလေ။ ဒါပေမယ့် မပြောဖြစ်ပါဘူး။ အထုခံရဘယ်လိုလုပ်မလဲ။

" နေ... နေ... သားက နွားနို့မကြိုက်ဘူး... လမ်းမှာမုန့်ဝယ်စားလိုက်မယ်..."

အော်ပြောရင်း ဖိနပ်ကြိုးချည်ပြီး အိမ်ဟိုဘက်ခြမ်းက ဂိုထောင်ထဲက စက်ဘီးအသစ်လေးကို သွားပြေးထုတ်လိုက်သည်။ ပထမဆုံးရက် ကျောင်းသစ်မှာ လူသစ်တေွ သူငယ်ချင်းအသစ်တွေကို တွေ့ရမှာဖြစ်သဖြင့် သူအရမ်းကိုစိတ်လှုပ်ရှားနေမိသည်။

လမ်းတစ်လျှောက်ကို အဝါရောင်စက်ဘီးလေးက ရင်ခုန်ခြင်းများစွာနှင့်အတူ ကျော်ဖြတ်သွားပါတော့သည်။ သစ်လွင်တဲ့ အဝါရောင်စက်ဘီး... နုနယ်ဆန်းသစ်တဲ့ အဝါရောင်ခံစားချက်... ။ အရာအားလုံးဟာ လှပနေခဲ့ပါသည်။

............

Na Jaemin တစ်ယောက် အခုချိန်မှာ ခံစားချက်လုံးဝမကောင်း။ Seoul ရဲ့ ကျောင်းကောင်းတစ်ခုကနေ ရွှေ့လာတဲ့ သူ့လိုကျောင်းသား အဲ့တာထက် Grade အရမ်းကောင်းတဲ့ သူ့လိုကျောင်းသားက နယ်ကျောင်းလေးရဲ့ Special class ကိုဝင်လို့မရဘူးတဲ့...။ Special class တွေဖြစ်တဲ့ A1 A2ကိုမရဘဲ ရလိုက်တဲ့အခန်းက B2 ။ သူ့အတွက်လုံးဝကို ရိုက်ခတ်မှုအကြီးကြီးပဲ။

အရင်ကျောင်းမှာ 1 to 10 ကနေမဆင်းခဲ့တဲ့ သူက အခုတော့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့တဲ့ B ခန်းကိုရောက်သွားပြီ။ ကျောင်းသားသစ်တွေက A1 A2 ကိုသွားလို့မရလို့တဲ့။ သူအော်သာ ငိုပစ်လိုက်ချင်တော့တယ်။ ဒါပေမယ့် ပြင်လို့မရတော့ဘူးလေ။ သူ့နာမည်က B2 မှာစာရင်းသွင်းပြီးပြီ။ အဘွား... အဘွား... သူ့ကိုနည်းနည်းလေးတောင် ကြိုမပြောဘူး။ သေချာပြန်စဉ်းစားကြည့်တော့ သူကလဲမေးမှမမေးတာ။

သက်ပြင်းအရှည်ကြီးကိုချလိုက်ပြီး သူနေရမည့်အခန်းကိုသာ ခေါင်းငိုက်စိုက်ကျလျက် လျှောက်သွားလိုက်သည်။ သုံးထပ်ဆောင်ရဲ့ မြေညီထပ် ဘယ်ဘက်ကရေရင် ဒုတိယမြောက်အခန်းတွင်းသို့ သူဝင်သွားလိုက်သည်။ Roll 3 roll ရှိပြီး တစ် roll မှာ တစ်ယောက်ထိုင်ခုံနှစ်ခုံစီချထားလေသည်။ စစဝင်ဝင်ချင်း သူ့လူနှင့်သူထိုင်နေပြီးသား ကျောင်းသားတချို့ကို သူမြင်လိုက်ရတော့ နည်းနည်းတော့အားငယ်မိသွားသည်။ လူကလဲလူသစ်ဖြစ်နေပြီး သူ့ကိုလဲဘယ်သူမှန်းမသိသဖြင့် ဝိုင်းကြည့်နေကြသဖြင့် ခြေမကိုင်မိ လက်မကိုင်မိဖြင့် ဘာလုပ်ရမှန်းမသိ။

Dry leaf in my DiaryWhere stories live. Discover now