မေ့ပစ်မယ်လို့တွေးလိုက်ရင်ကိုပဲ အဲ့မေ့ပစ်ရခြင်းအကြောင်းတရားက ပိုပြီးသတိရနေစေတယ်။ သတိရနေပါစေတော့လို့ လွှတ်ထားပြန်တော့လဲ ရင်ထဲမှာတိတ်တဆိတ် လောင်မြိုက်ရတယ်။ ကျနော့်ကို ဒီချစ်ခြင်းက ဘာများဖြစ်စေချင်လဲ မသိပါဘူးအကို။
......................
Jeju ပင်လယ်လေက လွန်ခဲ့တဲ့ဆယ်နှစ်ကအတိုင်း မပြောင်းမလဲဘဲလတ်ဆတ်ဆဲ။ Jaemin က ပင်လယ်ကမ်းစပ်မှာ လမ်းလျှောက်ရင်း ညနေဆည်းဆာကို ငေးနေလိုက်တယ်။ တစ်ချိန်တုန်းက သိပ်လှတဲ့ညနေဆည်းဆာတစ်ခုကို သူအခုလိုမျိုးငေးဖူးတယ်။ အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်နဲ့ပဲ ဒေါင်ချာဆိုင်းနေတဲ့သူ့ဘဝမှာ ညနေဆည်းဆာတွေကို မြင်နေရလဲ လှတယ်လို့မခံစားဖြစ်ခဲ့တာ တော်တော်တောင်ကြာခဲ့ပြီပဲ။
လက်ထဲက ဖုန်းရဲ့တုန်ခါမှုကြောင့် သူ့နှုတ်ခမ်းတို့မှာ နုနယ်တဲ့အပြုံးတစ်ခုဖြစ်တည်ရတယ်။
"ဘယ်မှာလဲ Jaemin... ငါရောက်နေပြီ..."
"......................."
"အင်း... လာခဲ့မယ်..."
ဖြည်းဖြည်းချင်းလမ်းလျှောက်ရင်းနဲ့ ရေခဲမုန့်ဆိုင်ကိုတွေ့တော့ သူ့ရဲ့မနေနိုင်တဲ့အကျင့်အရ ရေခဲမုန့်နှစ်ခုဝင်ဝယ်လိုက်သေးတယ်။ တစ်ယောက်တစ်ခုစားဖို့ပေါ့။ ချောကလက်ရေခဲမုန့်လေးကို ကိုင်ရင်းကျောင်းဝင်းနားကိုရောက်တော့ သူ့ခြေလှမ်းတွေဟာ ရုတ်တရက်ရပ်တန့်သွားခဲ့တယ်။
အဖြူရောင်ပုံရိပ်လေးကို တိုက်မိခဲ့တဲ့ ပုံရိပ်ငယ်ဟာ မျက်လုံးထဲမှာ ပေါ်လာခဲ့တာကြောင့် အပြုံးတစ်ခုဖြစ်တည်ရတယ်။ တွေ့ဆုံခြင်းလေးတစ်ခုဟာ လှပတော့လှပခဲ့တာပါပဲ။ ဒါဆို မတွေ့ဖြစ်ခဲ့ကြရင်ရော နာကျင်မှုတွေကို မခံစားရလောက်တော့ဘူးမလား။ ဒါပေမယ့် သူကဘယ်တုန်းကမှ ချစ်မိခဲ့တဲ့အတွက် နောင်တမရခဲ့ပါဘူး။
ကျောင်းဝင်းထဲကိုဝင်သွားတော့ ဘောလုံးကွင်းထဲမှာ ကျောင်းအဆောက်အုံတွေဘက် မျက်နှာမူပြီးရပ်နေတဲ့ WinWin ကိုသူတွေ့လိုက်တယ်။ အနည်းငယ်အရပ်ပိုရှည်လာတာကလွဲရင် WinWinက တကယ်ကိုဘာမှမပြောင်းလဲတာကြောင့် နောက်ကနေကြည့်ရင်တောင် တန်းမှတ်မိတယ်။ သူခြေသံဖွဖွလေးပေးပြီး သူငယ်ချင်းကိုနောက်ကနေသိုင်းဖက်လိုက်တယ်။
YOU ARE READING
Dry leaf in my Diary
Fanfiction(Unicode) You are such a dry leaf in my diary or in my beautiful memories.