Part 22 (Final Part)

274 20 2
                                    

You are such a dry leaf in my diary or in my beautiful memories.

....................

ကျွန်းပေါ်ကနေ မနက်ပိုင်းထပြန်ပြီးနောက် Yuta တို့ကားနဲ့လိုက်ပို့တာကြောင့် သူ့ရဲ့အိမ်ကို နေ့လယ်၁၀နာရီလောက်ပြန်ရောက်တယ်။ Jaemin က WinWin ပေးလိုက်တဲ့ တစ်ပွေ့စာစက္ကူပုံးလေးကိုလဲ ယူလာခဲ့ဖို့ မမေ့ပါဘူး။ ပြီးတော့ အထုပ်အပိုးတွေ သေချာပြင်ဆင်ပြီး နေ့လယ်စာအတွက် အသင့်စားခေါက်ဆွဲတစ်ဘူးကို ဖွင့်စားလိုက်ပြီး လက်မှတ်တွေဘာတွေ သေချာပြန်စစ်ရသေးတယ်။ သူက ဆိုးလ်ကို ညကိုးနာရီကားနဲ့ ပြန်ထွက်ရမှာမို့လို့ပေါ့။

အဲ့လိုဆိုမှ အကိုတို့လဲ ဒီနေ့ညနေ ၆နာရီ Flightနဲ့ ပြန်ကြရမှာ။ သူလိုက်ပို့ဖြစ်မယ်တော့မထင်ဘူး။ ကျောခိုင်းခံရတာများလာတော့ သူလဲဆက်ပြီးမကြည့်နိုင်တော့တာ ထင်ပါရဲ့။ ပြန်ဖို့အတွက်သေချာပြင်ဆင်ပြီးနောက်မှာ ခြံဝင်းထဲက ကုလားထိုင်လေးပေါ်မှာ ထိုင်ရင်း WinWin ဆီက ရလာတဲ့ စက္ကူပုံးလေးကို ဖွင့်ကြည့်လိုက်တယ်။ တကယ်တော့ သူဖွင့်ဖို့မရည်ရွယ်ဘူး။ ဒါပေမယ့်လဲ မသိစိတ်ကြောင့် ဖွင့်မိသွားတယ်ပဲထားပါတော့။

အထဲမှာ အဝါရောင်ဘက်သန်းနေပြီဖြစ်တဲ့ စာလေးတွေက အထပ်လိုက်။ ကျေးဇူးတင်ပါတယ် အကို။ ဒီလောက်အလေးထားခံရတယ်ဆိုရင်တောင် ရနေပြီမို့လို့။

သူပထမဆုံးစာလေးကို ဖွင့်ဖတ်လိုက်တယ်။

Jaemin လေး...

လိမ်လိမ်မာမာနေနော်... မတည့်တာတွေလဲ လျှောက်စားမနေနဲ့...

တစ်နေ့နဲ့တစ်နေ့ အချိန်တွေကုန်တာမြန်ပါတယ်...

ကိုယ်တို့ပြန်တွေ့ကြရင်လေ မင်းကိုပြည့်ပြည့်ဖြိုးဖြိုးလေးနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ဆရာဝန်လေးတစ်ယောက်အနေနဲ့ မြင်ချင်တာ သိလား...

ဘာပြောရမှန်းဆိုတာ သေချာမသိပေမယ့် တောင်းပန်ပါတယ်... ပြီးတော့လေ.........

ဆက်ရေးထားတဲ့ စာသားလေးကို ဖတ်ကြည့်အပြီးမှာ သူ့လက်တွေက တဆတ်ဆတ်နဲ့တုန်ပြီး မျက်ရည်တွေက အလိုအလျောက်ကျဆင်းလာတယ်။ ဘယ်လိုတောင် ကျီစားလိုက်တာလဲ ကံကြမ္မာရယ်။ နာနာကျင်ကျင်နဲ့ တစ်ချက်လောက် အော်ပစ်လိုက်တာတောင် ရင်ထဲကနာကျင်မှုက လျော့မသွားပါလား။ သူမျက်ရည်တွေကို ကမန်းကတမ်းသုတ်လိုက်ပြီး နောက်ထပ်စာတွေကို ထပ်ဖတ်လိုက်တယ်။

Dry leaf in my DiaryTempat cerita menjadi hidup. Temukan sekarang