ဘဝမှာ အလှပဆုံးအရာနှစ်ခုကို ကျနော်တို့ကြုံကို ကြုံတွေ့ရလိမ့်မယ်...
အဲ့တာက စိမ်းစိုလှပတဲ့ သဘာဝတရားကြီးရယ်...
လှပတဲ့အမှတ်တရတွေရဲ့မူပိုင်ရှင် အချစ်ဦးရယ်...
...............
"အနာကိုချုပ်ရမယ်..."
"သွေးထွက်လဲ လွန်နေတယ်..."
"တော်တော်များတာပဲ... ၁၆ချက်လောက်ချုပ်ရမယ်..."
ဘေးနားက ဆရာဝန်တွေပြောနေတဲ့စကားတွေက သူ့ကိုပိုပြီးရူးလာအောင်လုပ်နေသလိုပါပဲ။ ငရဲတွင်းကိုရောက်နေသလို ပူလောင်နေတဲ့ ဒီခံစားချက်တွေကို သူဘယ်လိုလုပ်ရမလဲ။
"သားက လူနာရဲ့သူငယ်ချင်းလား..."
သူ့ကိုဦးတည်ပြီးမေးလာတဲ့ မေးခွန်းကိုသူခေါင်းငြိမ့်ပြလိုက်သည်။
"သားသူငယ်ချင်းက အရေးတကြီးသွေးလိုနေတယ်... မိသားစုကို ဆက်သွယ်ပြီးပြီလား... ဆေးရုံမှာ Aသွေးအဆင့်သင့်က မရှိဘူးဖြစ်နေတာ... အဲ့တာ..."
သူဒီရှင်းပြချက်တွေကို ပြီးဆုံးအောင်နားမထောင်နေနိုင်တော့ဘူး။ ထုံနေသောခြေထောက်တွေ အားကုန်နေသလို မလှုပ်နိုင်သောခြေထောက်တွေကို အားတင်းပြီး မတ်တပ်ရပ်လိုက်ရတယ်။ ပြီးတော့ သူဆေးရုံက ကောင်တာကို ဝဲတက်လာတဲ့မျက်ရည်တွေကို ချုပ်ထိန်းရင်း ပြေးသွားခဲ့တယ်။ ခြေလှမ်းတစ်ချက်စီချတိုင်း နာရီကနေ စက္ကန့်တံလေးက ရွေ့လျားနေတိုင်းမှာ သူ့ရဲ့စိတ်ကအရမ်းကို နွမ်းနယ်လာတယ်။ ပိုကြာနေတယ်လို့ ထင်ရတဲ့အချိန်တေွကိုလဲ သူဒေါသတကြီးပေါက်ကွဲပစ်လိုက်ချင်တယ်။ ကောင်တာကိုရောက်တော့မှ သူသတိရလိုက်တာက သူအကို့ရဲ့မိဘတွေကို ဘယ်လိုဆက်သွယ်ရမလဲမသိဘူး။
နောက်ဆုံးမှာတော့...
"Hello... Yuta လား..."
"ဘယ်သူ..."
တုန်ရင်လာတဲ့အသံတွေကို တစ်ချက်ထိန်းချုပ်လိုက်ပြီး
"ငါ Jaemin ပါ... အကို့မိဘတွေကို ဆက်သွယ်ပေးပါ... ငါတို့အခု မြို့နယ်ဆေးရုံမှာ... ကျေးဇူးပြုပြီး..."
YOU ARE READING
Dry leaf in my Diary
Fanfiction(Unicode) You are such a dry leaf in my diary or in my beautiful memories.