ဝေးရမယ်ဆိုရင်လဲ ဘာလို့လှမ်းလာခဲ့သေးလဲ အကိုရယ်...။
အခုတော့ ကျနော်က ချန်ထားရက်ခဲ့တဲ့နေရာမှာ နာကျင်စွာ ကျန်ရစ်ခဲ့ရတယ်...။
.................
ဒီရက်ပိုင်းရာသီဉတုက သိပ်တော့ပုံမှန်မဟုတ်။ ဆောင်းတွင်းကူးခါနီးကို တစ်ခါတလေ မိုးတွေအုံ့ပြီး မိုးတွေရွာလာတတ်သည်။
အခုလဲကြည့်။ ကျောင်းသွားခါနီး အုံ့နေပြန်ပြီ။
ပြတင်းပေါက်ကနေတဆင့် ရာသီဉတုအခြေနေကိုကြည့်ပြီး သူအိမ်အောက်ထပ်ကိုဆင်းလာတော့ အိမ်ရှေ့ကမှန်ပြတင်းနားမှာ ငုတ်တုတ်ထိုင်ပြီး ကုပ်ကုပ်ကုပ်ကုပ်နှင့် အလုပ်ရှုပ်နေသော အဘွားကိုတွေ့လိုက်ရသည်။
"အဘွား... ဘာလုပ်နေတာလဲ..."
"ဟေ... အဘွား သိုးမွှေးထိုးနေတာ မြေးလေးအတွက်..."
"ဟာ... ဟုတ်လား... သားကိုသင်ပေး..."
အဘွားနားကိုကပ်ချွဲနေသည့် သူ့ကိုအဘွားက ဘာဖြစ်လို့လဲဆိုသည့် ပုံစံဖြင့်ကြည့်သည်။
"သား သူငယ်ချင်းကို လက်ဆောင်ပေးချင်လို့ပါ အဘွားရဲ့..."
"ဟုတ်လို့လား... ကောင်မလေးကို ပေးမလို့မဟုတ်ဘူးလား..."
"အမလေး... ယောကျ်ားလေးကျောင်းမှာ စော်လေးတွေမငမ်းနိုင်အောင် ပိတ်ထားပြီးတော့ အခုမှဘာကောင်မလေးလဲ... ပြန်တွေးတိုင်းရင်နာတယ်နော်..."
ထိုအခါမှ ဟက်ဟက်ပက်ပက်ရီချလိုက်သော အဘွားကြောင့် သူလဲရီလိုက်သည်။ ထို့နောက် ကျောင်းသွားဖို့ မိုးကာလေးဝတ်ပြီး အိမ်ကထွက်လာခဲ့သည်။ ဆောင်းတွင်းဆိုတော့ မာဖလာလေးထိုးပေးရင် ကောင်းမလားဆိုသည့် သိချင်စိတ်လေးတစ်ခု ရင်မှာပိုက်လို့ပေါ့။
.....................
"ကဲ... Seoul မြို့တော်ဝန်လာမယ်တဲ့နော်... စစ်ဆေးရေးတွေလဲလာမှာဆိုတော့ မင်းတို့ကလေးတွေအကုန်လုံး အသင့်ပြင်ထားရမယ်... မင်းတို့ရဲ့ကျောင်းတော်ကြီးကို.................."
ဆရာ့ရဲ့စကားသံအကြားမှာ အတန်းထဲကကျောင်းသားတွေအကုန်လုံး လက်ခုပ်တွေထတီးကြသည်။ သူလဲအပါအဝင်ပေါ့။ ဟုတ်တယ်လေ။ စစ်ဆေးရေးလာရင် အမှိုက်တွေရှင်းရမယ်။ ခုံတွေပြန်စီရမယ်။ စာအရင်ကလောက်မသင်ရတော့ဘဲ အလုပ်ကလေးတွေလုပ် အလာပသလာပတွေပြောနဲ့။ သေချာတယ်။ မြို့တော်ဝန်ပါလာမှာဆိုတော့ ပျော်ပွဲရွှင်ပွဲတွေ အားကစားပွဲတွေက သူတို့ကိုစောင့်ကြိုနေတယ်လေ။
YOU ARE READING
Dry leaf in my Diary
Fanfiction(Unicode) You are such a dry leaf in my diary or in my beautiful memories.