ဟန်ငြိမ်သက်သွားပြန်၏။ ဦးမင်းသိင်္ဃာစကားကြောင့် စိတ်ရူပ်ထွေးကာ အတွေးကျပ်သွားပုံရသည်။ နိူင်းက ရုတ်တရက် ခေါင်းခါယမ်းလိုက်ကာ

"မဟုတ်သေးပါဘူး..."

ထို့နောက် မလိုကျဟန်ဖြင့် မျက်ခုံးတို့က တွန့်ခေါက်သွားပြီး

"ဒီအတိုင်းပဲ လက်လျှော့လိုက်မလို့လား နည်းလမ်းတစ်ခုတော့ရှိမှာပါ ဘယ်အရာမဆို အဖြေဆိုတာရှိကိုရှိပါတယ် ဒါကိုရှာပြီး ကျွန်တော်တို့ မြူကိုရအောင် ခေါ်ထုတ်ရမယ်"

"ဘာနည်းလမ်းမှမရှိဘူး မောင်ရင် ဒီလိုပညာရပ်မှာ သိပ်ကိုကျွမ်းကျင်ပါတယ်ဆိုတဲ့ ဆရာဘိုးခေါင်လိုလူတောင် နည်းလမ်းမတွေ့ခဲ့ဘူး အမြင့်ဆုံးကျင့်စဉ်ရောက်နေတဲ့ ဆရာတစ်ဆူတောင် နောက်ဆုံးအသက်ပေးသွားခဲ့ရတယ်"

"ဒါပေမဲ့ ကျွန်တော်တို့ကြိုးစားမကြည့်ရဘဲနဲ့ မဖြစ်နိုင်ဘူးလို့ အတပ်ပြောလို့မှမရတာ ကျွန်တော်ဘယ်နည်းနဲ့မှ လက်မလျှော့ဘူးဦး မှော်တိုင်းပြည်ကိုရအောင်ရှာမယ် မှော်ရဲတိုက်ကိုလည်း ရောက်အောင်သွားမယ် မှော်မင်းသားဟာ ဘယ်လောက်ကြောက်စရာကောင်းကောင်း ကျွန်တော် မကြောက်ဘူး ကျွန်တော်ကြောက်နေမိတာ မြူ့ကိုထာဝရဆုံးရူံးရမှာကိုပါ "

သူ့အသံကအဆုံးသတ်တွင် ဆို့နင့်တိမ်ဝင်သွားသည်။ ဦးမင်းသိင်္ဃာသက်ပြင်းကိုလေးတွဲ့စွာ ချမိရင်းနှင့်

"မောင်ရင်လက်မလျှော့သေးဘဲ ဒီလိုမဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေ ရှိနေသေးသရွေ့ ဒီထက်အများကြီးခက်ခဲပင်ပန်းနေရလိမ့်မယ် မှော်တိုင်းပြည်ဟာ မြေပုံထောက်ပြီး လွယ်လွယ်ရှာတွေ့လို့ရတဲ့ နေရာမဟုတ်ဘူး "

"ကမ္ဘာကြီးရဲ့တစ်နေရာမှာ ဘာအပြစ်မှမရှိတဲ့ မြူက ပင်ပန်းစွာရှင်သန်ပြီး ခက်ခဲနာကျင်နေရတယ်ဆိုတဲ့အသိက ကျွန်တော့်ကိုပိုပြီး အဆမတန်နာကျင်စေတယ်ဦး ဒါကိုဥပေက္ခာပြုပြီး ဘာမှမဖြစ်သလိုနဲ့ ကျွန်တော်အသက်ဆက်ရှင်သွားလို့မရဘူး မြူဘယ်လိုများနေမှာလဲဆိုတဲ့ သောကတွေနဲ့ စိုးရိမ်ကြောက်ရွံ့ပြီး ညညတွေမှာအိပ်မပျော်နိုင်ဘဲ နာကျင်ပင်ပန်းနေမဲ့အစား ကျွန်တော်မြူရှိတဲ့နေရာကိုပဲရောက်အောင်သွားပြီးရှာမယ် ကိုယ့်သေတွင်းကိုယ်တူးတယ်ဆိုရင်တောင် ရှင်ကွဲကွဲပြီး ဒီလိုနာကျင်ခံစားနေရမဲ့အတူ သေတွင်းထဲခုန်ချပစ်တာ ကျွန်တော့်အတွက် ပိုအဆင်ပြေမှာပါ ကျွန်တော်မြူ့ကိုရှာတွေဖို့ မျှော်လင့်ချက်တွေရုတ်သိမ်းလိုက်တဲ့နေ့ဟာ သေချာတယ် ကျွန်တော်မရှိတော့တဲ့နေ့ပဲ"

မှော် (ေမွာ္)Wo Geschichten leben. Entdecke jetzt