မယ် ၁၂ ( Unicode)

570 43 26
                                    

ဦးအောင်မင်းသည် မယ့် ကိုကြည့်ကာ သနားစိတ်ဝင်မိသော်လည်း ထိုအတွေးတို့သည် ခဏမျှသာ။

"မယ် ဦးအပေါ်ကို တစ်ခုခုများ မှားမိခဲ့သလား"

မယ်သည် ထိုမေးခွန်းကိုသာ မေးကာ တိတ်ဆိတ်သွားလေသည်။

"အဲလိုလည်း မရှိပါဘူး"

မယ်သည် ခေါင်းကို အသာညိတ်ကာ ငြိမ်သက်နေတော့သည်။

"ဒါဆိုရင် ဘာလို့များ...."

မယ်သည် စကားကို ဆုံးသည်အထိမပြောဘဲ ရပ်လိုက်သည်။ မေးချင်မိသော မေးခွန်းများစွာရှိသော်လည်း မယ်သည် ထို့ထက်ပို၍ မသိချင်တော့။ ထို့ထက် ပို၍လည်း မမျှော်လင့်ချင်တော့။
မကြင်နာ၍ စွန့်ပစ်ချင်သူက စွန့်ပစ်လေပြီ။ မယ် တတ်နိုင်သည်မှာ လက်ခံလိုက်ရုံမျှသာ။ မိမိကို ပစ်သွားလေသည့် ဦးကို မယ်သည် နောက်ဆုံးအနေဖြင့် ကြည့်နေမိသည်။ ရင်တွင်းမှလည်း မေးခွန်းတစ်ခုကို မေးမိသည်။

မယ့်ကို တကယ်ထားခဲ့တော့မှာလား။

ဦးအောင်မင်းသည် မယ့် အပေါ် နွေးထွေးယုယ ခဲ့သော်လည်း ထိုနေ့တွင်မူ အေးစက်ကာ သူစိမ်းဆန်နေသည်။ အမြဲ တစေ ပင် ချစ်ခင်ကြင်နာခဲ့သော်လည်း ထိုနေ့တွင်မူ ခပ်တန်းတန်းသာ ဆက်ဆံနေသည်။

နွေးထွေးကာ ကြင်နာခဲ့ခြင်း ၊  ယုယကာ ချစ်ခင် ခဲ့ခြင်းတို့သည် ထိုနေ့တွင် အဆုံးသတ်သွားလေပြီ။ မယ် ၊ မယ်ကလေး ဟူသော အသုံးအနှုန်းတို့သည်ပင် ပျောက်ကွယ်သွားခဲ့ပြီ။ နူးညံ့ငြင်သာသော စကားသံများသည်လည်း ပျောက်ကွယ်ကာ အထက်စီး ဆန်သော လေယူလေသိမ်းများက ဝင်ရောက်လာတော့သည်။

"မင်းကို ဒီအိမ်ပေးခဲ့မယ်  ငွေတစ်အိတ် လည်းထားခဲ့တယ် "

မယ်သည် ထိုစကားများကို မကြားမိသကဲ့သို့ပင် ဦးအောင်မင်းကို ကြည့်မိသည်။

"ငါနဲ့ ပြန်ဆုံရင်တောင်  မသိသလိုပဲနေပါ " 

ထိုစကားကို ပြောပြီးသောအခါ ဦးအောင်မင်းသည် ချက်ချင်းပင်ထွက်သွားလေသည်။ မယ်သည် ထိုင်ရာမှ မထဘဲ တွေဝေငေးမောနေဆဲပင်။ ဦးအောင်မင်း၏ စကားများကိုလည်း ကြားတစ်ချက် ၊ မကြားတစ်ချက်။

မယ် Where stories live. Discover now