မယ် - ၆ ( Unicode )

781 63 66
                                    

မယ်သည် ပတ်ဝန်းကျင် အခြေအနေကိုပင် ဂရုမထားဘဲ ဦးအောင်မင်း၏ ရင်ခွင်အတွင်း မျက်နှာအပ်ကာ ငိုနေတော့သည်။

"မယ်ရေ မငိုပါနဲ့ကွယ်"

ဦးအောင်မင်းသည် မယ့်ကို ပွေ့ဖက်ရင်းမှ အသာအယာ ပြုံးသည်။
ဆံထုံးတွင်ပန်ထားသော သင်းပျံ့ပျံ့ နှင်းဆီနံ့ကို ခံစားရင်းမှ ဆံနွယ်များကို လည်း နမ်းရှုံ့ ပြန်သည်။

"ခေါင်းမော့ပါဦး မယ်ရယ်"

မယ်သည် ချက်ချင်းဆိုသလိုပင် ခပ်ဖြည်းဖြည်းမော့လာသည်။ မျက်ဝန်းတို့သည် စိုစွတ်နေဆဲပင် ။

"နောက်ကို ဘယ်အကြောင်းနဲ့မှ မယ် မငိုရတော့ပါဘူး "

ထိုစကားကို ကြားသောအခါ မယ်သည် ဦးအောင်မင်းကို ပြုံးပြလာသည်။ ယုံကြည်ပါ‌သည်ဟုလည်း ခေါင်းညိတ်ပြပြန်သည်။

မယ် ဒီဘဝက လွတ်တော့မယ် ထင်ပါရဲ့ ။

"မယ် ပွဲထဲ ပြန်သွားချင်သလား"

မယ်သည် ခေါင်းခါသည်။

"မယ် သူတို့နဲ့ မတွေ့ချင်ဘူး"

"ဒါဖြင့် အိမ်အောက်မှာထိုင်မလား"

မယ်သည် ခေါင်းကို အသာညိတ်ပြသည်။

"လာပါ အောက်ထပ်မှာခဏသွားနားကြမယ် "

ဦးအောင်မင်းသည် မယ့် ကို အသာကိုင်ကာ လှေကားမှဆင်းသည်။

"မယ် ထိုင်နော် ၊ ဦး သံပုရာရည်သွားဖျော်ပေးမယ်"

ဦးအောင်မင်းသည် အထဲသို့ဝင်သည်။မယ် က ဧည့်ခန်းတွင် ထိုင်နေရင်းမှ ဧည့်ခံပွဲကို လှမ်းကြည့်သည်။

မီးရောင်တလက်လက် အောက်တွင် ဖန်ခွက်တို့သည် တဖျတ်ဖျတ်ပင် တောက်နေသည်။ ပြုံးပြနေသော နှုတ်ခမ်းများ ကိုလည်း ထင်ထင်ရှားရှားပင်တွေ့ရသည်။ သို့သော် မျက်လုံးတို့သည်ကား ပြုံးယောင်မသန်းဘဲ ခပ်စိမ်းစိမ်းသာ ဖြစ်နေကြလေသည်။

ဪ ဟန်ဆောင်တတ်လိုက်ကြတာ ။

ဘွားရွှေသာသည် ဧည့်သည်များဖြင့်စကားပြောနေသည်။ နှင်းရီနှင့် မြရီမှာ ဘွားရွှေသာ၏ နောက်မှ တစ်ကောက်လိုက်ကာ အပြုံးများကို ပေါပေါသီသီပေးနေတော့သည်။

မယ် Dove le storie prendono vita. Scoprilo ora