မယ် - ၂ ( Unicode )

1.5K 151 18
                                    


"မယ်ရေ မယ်"

ဒေါ်ခင်မြင့်၏ ခေါ်သံကြောင့် မယ်က ပန်းပင်များကို ရေလောင်းနေရာမှ တံခါးဖွင့်သည်။

"ဒေါ်ဒေါ်မြင့် ဘာဖြစ်လို့လဲဟင်"

"ဧည့်သည်ရောက်နေလို့ကွယ်"

ဧည့်သည်ဟူသောအသံကြောင့် မယ်က ခပ်တွေတွေလေးဖြစ်သွားသည်။

"ဖွားဖွားတို့ရော "

"မရှိကြဘူး "

"ဒါဆို မယ် ဆင်းလာခဲ့မယ် "

ဒေါ်ဒေါ်မြင့် ထွက်သွားသောအခါ မယ်သည် ခပ်သွက်သွက်ပင် ကိုယ်လုံးပေါ်မှန်ကို တစ်ချက်ကြည့်သည်။

ဝရန်တာမှ အသာကြည့်မိသောအခါ ခြံရှေ့တွင်ရောက်နေသော အမျိုးသားတစ်ယောက်။ သဘောကောင်းမည့်ပုံစံကို အဝေးမှပင် သတိထားမိသော မယ်သည် အသာအယာပြုံးလိုက်လေသည်။

ခြံစောင့်က တံခါးဖွင့်သည်ကို မြင်လိုက်ရသောအခါမှ မယ်သည် လှေကားမှ ဆင်းခဲ့တော့သည်။

ထိုဧည့်သည်ကို ဒေါ်ဒေါ်မြင့်က အိမ်ထဲသို့ ခေါ်လာချိန်တွင် မယ်သည် ဧည့်ခန်းသို့ရောက်နေပြီ။

မယ်က မတ်တပ်ရပ်ရင်းမှ လက်ကိုရှေ့ထုတ်ရင်း

"ထိုင်ပါ"

ဦးအောင်မင်းသည် မယ့်ကို စေ့စေ့ကြည့်သည်။ မယ့်ကို ကြားဖူးသော်လည်း မမြင်ဖူးသေးသောကြောင့် အရှေ့တွင်ရှိနေသော မယ် ကို ခြေဆုံးခေါင်းဆုံးကြည့်လေသည်။

"ထိုင်ပါရှင် "

မယ့် ထံမှ အသံကြားရတော့မှ ခေါင်းကို ညိတ်ကာ ထိုင်ခုံတွင်ထိုင်သည်။ မျက်လုံးများကတော့ မယ့် ထံမှ မခွာသေး။

ဦးအောင်မင်း၏ အရှေ့တွင်ထိုင်‌နေသော မယ်သည် ကော်ရုပ်လေးနှင့်ပင် တူနေသည်။ မျက်နှာ‌ချေမှုန့်အနည်းငယ် နှင့် နှုတ်ခမ်းနီ တို့က မယ့် အလှကို ပံ့ပိုးထားသည်။ ပန်းရောင်သန်းနေသော နှုတ်ခမ်းဖူးဖူးလေးတွင် နှုတ်ခမ်းနီဆိုးထားသောအခါ မယ့် နှုတ်ခမ်းတို့သည် ဆွဲဆောင်လွန်းနေသည်။

ဇာအင်္ကျီအဖြူရောင်သည် ဝင်းဖန့်နေသော မယ့် အသားရောင်နှင့်လိုက်ဖက်နေသည်။ ပွင့်ရိုက်ထဘီမီးခိုးရောင်သည် မယ့် ခန္ဓာကိုယ်နှင့် တစ်သားတည်းပင်ဖြစ်နေပြန်သည်။

မယ် Wo Geschichten leben. Entdecke jetzt