Double Dateကဲ့သို့

1.8K 127 6
                                    

အစ်ကို​ရေ ကျွန်​တော်တို့​​ရောက်ပြီ"

စိုင်းလုံနဲ့အတူတူ သူမတို့အ​ရှေ့​ရောက်လာ​သော​ယောကျ်ား​လေး။စာ​ရေးဆရာထည့်​ရေး​နေကျ သူ၏ညာဘက်မျက်လုံး​အောက်နားရှိ မှဲ့။ခန့်ညား​သောမျက်နှာနှင့်အတူ သူ့ရဲ့ဆွဲ​ဆောင်မှုအရှိဆုံး eyes smileဖြင့်သူမကိုပြုံးပြ​လေသည်။
"မ​တွေ့တာကြာပြီ​နော် ဝသန်"

Wtf!!!!သူလည်းdeep voiceကြီးနဲ့ဟ

စိုင်းလုံနဲ့နိုရဲရင့်ကို​တွေ့လိုက်သည်နှင့် ဝန်ထမ်းက မိမိ၏အထက်ရာထူးကြီးကို​တွေ့လိုက်ရသကဲ့သို့ လင်းလက်လျင်မြန်စွာမတ်တပ်ရပ်လိုက်မိသည်။
လင်းလက်အတွက်က​တော့ ငယ်သူငယ်ချင်း၂ဦးနှင့်ပြန်​တွေ့ဆုံရတာ​​ကြောင့် ဝမ်းသာမိခြင်းမဟုတ်။ငယ်ချစ်ဦး နိုရဲရင့်​ကြောင့်လည်းမဟုတ်။အလွန်
ခန့်ညား​ချော​မော​သော အလှ​လေး၂​ယောက်ကိုမျက်မြင်ကိုယ်​တွေ့​တွေ့လိုက်ရတာ​ကြောင့်ဖြစ်သည်။

သို့​သော် သူမ​ဘေးနားရှိ ဗီလိန်​လေးရဲ့စိတ်အ​ခြေအ​နေက​တော့ ရုတ်ချည်းဆိုသလို မိုးခြိမ်း​သွားသည်။

"​တွေ့ရတာ ဝမ်းသာပါတယ်"
လင်းလက်ဟာ နိုရဲရင့်ကိုပြန်နှုတ်ဆက်လိုက်​လေသည်။သူမအတွက် ပထမဆုံး​​တွေ့ဆုံမှုဖြစ်တာ​ကြောင့် ထိုသို့နှုတ်ဆက်မိခြင်းဖြစ်​လေသည်။

"မ​​တွေ့တာ ၂နှစ်​လောက်ဘဲရှိတာပါ အဲ့​လောက်​တောင်စိမ်းကားသွားရလား"
လင်းလက်ရဲ့ထူးဆန်းတဲ့အပြုအမူ​ကြောင့် နိုရဲရင့်ဟာ system0423ကိုပင် ၂နှစ်အတွင်းသူမ​ခေါင်းထိသွား​သောကိစ္စရှိခဲ့သလား ဟုပင်​မေးမြန်းမိသည်။
'Boss​​ရေ လက်​ကောက်ဝတ်​သွေး​ကြောကိုဓါးနဲ့ဖြတ်ပြီးသတ်​သေဖို့ကြံတာကလွဲလို့ ဘာမှမဖြစ်ဘူး'

'လက်​ကောက်ဝတ်က​နေ ​ခေါင်းကိုထိ​ခိုက်နိုင်လား'

'ကျွန်​တော်ကsystemပါ ဆရာဝန်မဟုတ်ဘူး'

'​အေး မင်းဘာမှမသိနဲ့ သူများ​တွေရဲ့system ​တွေဆိုအကုန်သိတယ်'

'အဲ့system​တွေရဲ့Boss​တွေကလည်း ကျွန်​တော့်ရဲ့Bossလိုမရူးမိုက်ဘူး​လေ ကြိုက်စရာရှားလို့ဗီလိန်ညီကိုမှ​ရွေးကြိုက်ရတယ်လို့'

သူမချစ်​သော ဗီလိန်(သူမချစ်သော ဗီလိန်)Where stories live. Discover now