"နေအုန်း မင်းရဲ့မနာလို အထီးကျန်နေတဲ့မျက်နှာလေး ကြည့်ပြီး အအေးသောက်ချင်လို့"
စိုင်းပြည့်လွင်ဟာ Henderyအားကြည့်ပြီး သူမှာထားသော Colaအားသောက်ပြလိုက်လေသည်။
ဒါဟာ နေ့လည်ကHendery သူ့အားရန်စထားတာကြောင့် ပြန်ပေးဆပ်ရတာဖြစ်သည်။စားသောက်ဆိုင်မှ စံအိမ်သို့အပြန်လမ်းမှာတော့
လင်းလဲ့ဟာ လင်းခန့်နဲ့မေသီရိဟန်တို့၏သား
ဟန်လင်းခန့် မည်မျှချစ်ဖို့ကောင်းသည်ကို
စိုင်းပြည့်လွင်အားပြောပြနေလေသည်။"ပါးလေးကဖောင်းပြီး နီနေတာဘဲ"
"စကားပြောရင်လဲ တားတားနဲ့ချစ်ဖို့ကောင်းလိုက်တာ"
ကားပေါ်ရောက်ကတည်းက ကလေးအကြောင်းပျော်ရွှင်စွာပြောနေသော လင်းလဲ့ကို စိုင်းပြည့်လွင်စောင်းကြည့်နေသည်။
"မင်းက ကလေးချစ်တတ်တာလား"
"ဒါပေါ့ ဒီလောက်ချစ်ဖို့ကောင်းတာ မချစ်ဘဲနေမလား"
သူအတွက်တော့ သူမကပို၍ချစ်ဖို့ကောင်းသည်။မီးပွိုင့်စိမ်းနေပြီမို့ လမ်းမပေါ်သို့အာရုံပြန်ထားလိုက်သည်။
"ဘယ်သွားချင်သေးလဲ"
"အိမ်ပြန်ရအောင် ဒီနေ့ကိုကို စောစောနားဖို့လိုအပ်တယ်"
"ကိုက ဘာမှမဖြစ်ပါဘူး"
"ရဘူး ကိုကိုစောစောနားရမယ် ကိုကို့ကျန်းမာရေးကပိုအရေးကြီးတယ်"
အမှန်တော့ သူမလျှောက်လည်ချင်သေးသည်။သို့သော်ဒီကမ္ဘာကနေရာတွေကို သူမ မသိ။ဒါကြောင့် အိမ်ပြန်နားဖို့ဘဲဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
စံအိမ်သို့ပြန်ရောက်တာနဲ့ သူမ ကိုယ်လက်သန့်ရှင်းရေးလုပ်ပြီး ညအိပ်ဝတ်စုံလဲလိုက်သည်။သူမအား ညတိုင်း နွားနို့ယူလာပေးနေကြ အစေခံထံမှ နွားနို့ခွက်ကိုယူပြီး
"စိုင်းပြည့်လွင်ရော""သခင်လေး စာကြည့်ခန်းထဲမှာပါ သခင်မလေး"
သူ့ကိုစောစောအနားယူစေချင်လို့ အိမ်ပြန်လာတာကို သူကအိမ်မှအလုပ်လုပ်နေတယ်။
YOU ARE READING
သူမချစ်သော ဗီလိန်(သူမခ်စ္ေသာ ဗီလိန္)
Romanceအသက် ၁၉နှစ်ဖြစ်တဲ့ တက္ကသိုလ်ကျောင်းသူ ငါက "နှလုံးသားစီးချင်း"လို့ခေါ်တဲ့ ဝတ္ထုထဲက ဇာတ်ဆောင်မင်းသမီးရဲ့ ကိုယ်ထဲရောက်သွားခဲ့တယ် 🚨🚨🚨 Own creation (Unicode and Zawgyi) အသက် ၁၉နှစ်ဖြစ်တဲ့ ကောလိပ်ကျောင်းသူ ငါက "နှလုံးသားစီးချင်း"လို့ခေါ်တဲ့ စာအုပ်ထ...