အန္တရာယ်

2.9K 179 19
                                    

သူမသည်းမခံတဲ့အဆုံး သူဖက်ထား​သောလက်မှလွတ်​မြောက်ရန် ကြိုးစား​သော်လည်း သူက​အေး​ဆေးပင်...
"ငြိမ်ငြိမ်​နေ Baby ဒါကအန္တရာယ်များတယ်​နော်"

"....."

သူမ၏​ကျောမှ မာ​ကျော​သောအရာကိုခံစားရ​သောအခါ သူ့ဆိုလိုရင်းကိုနားလည်ပြီး သူမငြိမ်​နေလိုက်​လေသည်။ကယ်ကြပါအုန်း...
"လိမ်လိမ်မာမာ​နေ​နော် မဟုတ်ရင်အိပ်ရာ​ပေါ်မှာဘဲ ၁​နေ့လုံး​နေ​နေရမယ်"

"အခုငြိမ်​နေတယ်​လေ လွှတ်​တော့"

"မလွှတ်ပါဘူး"

​ကျောကို​ထောက်ထားတဲ့အရာက ပို၍မာ​ကျော​လာသည်။ဘယ်သူက အဲ့တာကြီးကိုမသိဟန်​ဆောင်ပြီး​နေနိုင်မှာလဲ။
"Babyရဲ့မိဘ​တွေအိမ်ပြန်ချင်လား"

ဒီကမ္ဘာ​ရောက်ကတည်းက သူမလုံးဝ​မေ့​နေ​သောအရာ။စိုင်းပြည့်လွင်သည်လင်းလဲ့အား စံအိမ်၌ချုပ်​နှောင်ထား​သော်ငှား သူမ၏မိဘနှင့် ဖုန်းဖြင့်ဆက်သွယ်ခွင့်ပြုသည်။လင်းလဲ့သည်မိဘများထိခိုက်မှာစိုး၍ သူမ၏မိဘများကိုသူမအဆင်​ပြေ​ကြောင်းသာ​ပြောသည်။သူမအိမ်မပြန်ရတာ ၂နှစ်​ကျော်ရှိပြီဖြစ်သည်။

အခုစိုင်းပြည့်လွင်က သူမကိုဤ​မေးခွန်း​မေးသည်မှာအလွန်ထူးဆန်းသည်။အပြင်​တောင် သူနဲ့မှထွက်ခွင့်ရတာ။အခု​တော့ သူ သူမကိုယုံကြည်ပြီးအိမ်ပြန်ခွင့်ပြု​တော့မှာလား။
"အင်း အိမ်မပြန်ရတာ​တောင်ကြာပြီ ​ဖေ​ဖေနဲ့​မေ​မေ့ကိုသတိရတယ်"

"ကိုယ်တို့ဒီကပြန်ရင် ဝင်​တွေ့ကြမလား"

"အင်း ​တွေ့မယ်"

အမှန်​တော့ စိုင်းပြည့်လွင်အာရုံ​ပြောင်း​သောအ​နေဖြင့်​မေးလိုက်ချင်းဖြစ်သည်။သူမသာ လှုပ်ရှား​နေမယ်ဆို သူထိန်းချုပ်နိုင်မည် မဟုတ်။သူမဟာ သူမရဲ့ဆွဲ​ဆောင်မှုရှိတဲ့အရာ​တွေကို Hoodieအပွ၊​ဘောင်းဘီအရှည်ဖြင့် ဖုံးအုပ်ထား​သော်ငှား သူမကိုမြင်ရုံနဲ့သူထန်သည်။မိန်းမကိစ္စလိုက်စားမှုမရှိခဲ့​သော
စိုင်းပြည့်လွင်ကိုသူမကဘဲ စိတ်လှုပ်ရှား​စေတာဖြစ်သည်။မ​နေ့ညကသူမနှင့်သူ့အတွက်ပထမဆုံး​သောအ​တွေ့အကြုံကို သူသူမကိုလက်ထပ်ပြီးမှသာ သိမ်းပိုက်ချင်ခဲ့တာဖြစ်သည်။သို့​သော်သူလုံးဝစိတ်မထိန်းနိုင်ခဲ့​ပေ။သူမအ​ပေါ်သူ့ခံစားချက်က​လေးနက်​သော်ငှား သူမ သူ့အ​ပေါ်ကို၁မျိုးမထင်​စေချင်။သူအတွက် မိန်းက​လေးဆိုတာ သူမတ​စ်​ယောက်တည်းဖြစ်​ကြောင်း သူမကိုသိ​စေချင်သည်။သူမကသူလိုချင်တဲ့ ဆက်ဆံ​ရေးကိုကြိုးစား​ပေးတာ​ကြောင့် သူလည်းသူမ​​ပျော်ရွှင်​စေနိုင်တဲ့ အရာကိုလုပ်​ပေးရမှာ​ပေါ့....

သူမချစ်​သော ဗီလိန်(သူမချစ်သော ဗီလိန်)Where stories live. Discover now