Hoodieဝတ်ထား​သော သူမ

3K 198 18
                                    

စိုင်းပြည့်လွင်နှင့်လင်းလဲ့ဝသန်တို့ ပင်လယ်နားရှိ
ဗီလာ၌​ပျော်ပါး​နေစဥ် Henderyက​တော့ ကုမ္ပဏီ၌အပျင်းလွန်​နေသည်။သူ၏တာဝန်မှာ အစီရင်ခံစာများ၊သူ​ဌေး၏လက်မှတ်လိုအပ်​သော စာရင်းများကို ကြည့်​​ပေးရခြင်းဖြစ်သည်။

Henderyအတွက်စာရင်းများကိုကြည့်​နေရခြင်းထက် clubသွားရခြင်းကိုပိုကြိုက်​လေသည်။သို့သော်စိုင်းပြည့်လွင်နှင့်အ​ပေးအယူလုပ်ထား၍သာ သူသည်းခံ​နေရခြင်းဖြစ်သည်။

"စိုင်းပြည့်လွင်နဲ့လင်းခန့် ဒီစိတ်ရှုပ်ဖို့​ကောင်းတဲ့A4စာရွက်​တွေကို ဘယ်လိုများသည်းခံနိုင်ကြတာလဲ"

ပျင်းတိုင်း​ coffee​သောက်​သော Hendery​ကြောင့်အ​တွေး​ရေးမှူးသည်လည်း အလုပ်ပြုတ်ပါက စား​သောက်ဆိုင်တွင် အ​ဖျော်ဆရာအဖြစ်​တောင် ဝင်အလုပ်လုပ်နိုင်​​လေသည်။

Henderyသည် ရုံးခန်းရှိဆိုဖာအရှည်တွင် လှဲ​လျောင်းကာ လင်းခန့်အားဖုန်းဆက်လိုက်​လေသည်။

"​ပြော"

တစ်ဖက်မှ ​အေးစက်နိုင်​သောစကားမှာ Hendery အတွက်ကျင့်သားရ​နေပြီဖြစ်သည်။
"ငါပျင်းတယ်"

"ဘာလဲ ထပ်ပြီးစိုင်းပြည့်လွင်နဲ့အ​ပေးအယူလုပ်ပြန်ပြီလား"

"မတတ်နိုင်ဘူး​လေ ငါကရဲ​တွေနဲ့မှအ​ကြောမတည့်တာ သူကပါးနပ်​တော့ရဲ​တွေအကြိုက်ကိုသိတယ်​လေ"

"အခု​ရော အဲ့က​လေးမကထွက်​ပြေးလို့လား"

"ထွက်​ပြေးတာမှ​​ကောင်းအုံးမယ် အခုကချိုမြိန်တဲ့ချစ်သူဘဝအတွက်ဆိုပြီး ပင်လယ်ဘက်ကဗီလာမှာသွားအနားယူတယ်တဲ့ ဟန်းနီးမွန်းထွက်တယ်များထင်​နေလားမသိဘူး"

"သူတို့အဆင်​ပြေ​နေတာဘဲ ဒါ​ကောင်းတာ​ပေါ့"

"မ​ကောင်းပါဘူး ငါ၁​ယောက်ထဲဖြစ်​နေမှာ​ပေါ့"

​အေး​လေ။လင်းခန့်က​တော့ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်​ထောင်ကျပြီးက​လေးပါရ​နေပင်မဲ့ Henderyမှာစိုင်းပြည့်လွင်ကျန်​နေ​သေးသဖြင့် လင်းခန့်တို့အတွဲ၏အချိုကို မျှခံမည့်လူရှိ​နေ​သေးသည်။အခု​တော့ သူတို့ ၂တွဲကြားမှာ သူဆီးချိုဖြစ်ပြီး​နေမှာ​လေ...

သူမချစ်​သော ဗီလိန်(သူမချစ်သော ဗီလိန်)Where stories live. Discover now