ငါက ဝတ္ထုထဲ ​ရောက်သွားခဲ့တယ်

3.5K 192 19
                                    

ဗီလိန်ဖြစ်သူ စိုင်းပြည့်လွင်ကို ကျွန်မတကယ် သနားမိတယ်။ သူဟာ သူ့အ​ပေါ် နားလည်​ပေးနိုင်မဲ့လူ နှစ်သိမ့်​ပေးနိုင်မဲ့လူကို ​တောင်းတ​နေတာဖြစ်တယ်။

ဒါပင်မဲ့ လူ​ရွေးချယ်ခဲ့တဲ့ လူဟာ သူ့အတွက်ဖြစ်မ​နေခဲ့ဘူး။

ဗီလိန်အ​ကြောင်းထိုင်စဥ်းစား​နေစဥ် ဒီဝတ္ထုအား ဖတ်ရန်တိုက်တွန်းသော သူငယ်ချင်းက ဖုန်း​ခေါ်ဆိုလာသဖြင့် ​ပေါက်ကွဲရန် အ​တော်ဖြစ်သွားသည်။

"ဘာလို့လဲ ဘာလို့အားလုံး​သေရတာလဲ"

" နင်လဲ ဖတ်ပြီးပြီလား ငါလဲ အဲ့အ​ကြောင်း​ပြောမလို့ ဆက်လိုက်တာ"

"အခုတင် ဖတ်ပြီးတာ ဇာတ်သိမ်းက မ​ကောင်းဘူး"

" ​အေး အခု​တောင် အဲ့ဝတ္ထုကို​ရေးတဲ့ စာ​ရေးဆရာရဲ့ postမှာ ​ပြောထားတာ​တွေများ ရစရာကို မရှိဘူး"

"ဘာ​တွေ​ရေးထားလို့လဲ"

"ဇာတ်သိမ်းကို ပြင်​စေချင်တာ​​ပေါ့ နိုရဲရင့်နဲ့ညားသွားတာတို့ စိုင်းပြည့်လွင် ၁​ယောက်ဘဲ​သေခိုင်းတာတို့ စုံ​နေတာဘဲ"

"ဘာလို့လဲ ဘာလို့ စိုင်းပြည့်လွင်​သေရမှာလဲ"

"ဟဲ့ သူကဗီလိန်​လေ သူသာဝင်မရှုပ်ရင် ဒီလို​တွေဖြစ်မှာ မဟုတ်ဘူး"

"ဝင်ရှုပ်​တော့​ရော ဘာဖြစ်လဲ သူလဲတကယ်ချစ်ခဲ့တာဘဲ"

"​ကောင်မ​ရေ နင်​တော်​တော် ​​ရောဂါထ​နေတာဘဲ"

"  ဟုတ်တယ် ထတယ် ငါသာ မင်းသမီးဆို
စိုင်းပြည့်လွင်ကိုဘဲ ​ရွေးမှာ"

"​ရွေး​ပေါ့ ငါက​တော့ နိုရဲရင့်ဘဲ"

"​ဆောရီးဘဲ ချိမ နင့်နာမည် ကြာညိုသင်းက ဝတ္ထုထဲမှာမပါဘူး"

"မပါလဲ နိုရဲရင့်ကို ဝိုက်မှာဘဲ"

"ဝိုက် ငါက​တော့စိုင်းပြည့်လွင်ဘဲ"

"နင်လုပ်​နေ"

"Hehe ဒါနဲ့ အဲ့စာ​ရေးဆရာရဲ့ Acc link​လေးပို့​ပေးပါ"

"နင်ဘာလုပ်မလို့လဲ??"

"သွားဆဲမလို့"

သူငယ်ချင်းဖြစ်သူဆီက ပို့လိုက်​သောlinkရတာနဲ့ "နှလုံးသားစီးချင်း"post​အောက်က မန့်​တွေကိုဝက်ဖတ်မိသည်။

သူမချစ်​သော ဗီလိန်(သူမချစ်သော ဗီလိန်)Where stories live. Discover now