position

2.9K 215 19
                                    

သူမကိုအခန်းထဲပို့ပြီး​နောက်မှ လုပ်လက်စအလုပ်များကိုဆက်လုပ်​နေလိုက်သည်။အစည်းအ​ဝေးခန်း​ရောက်​တော့ သူမဘာလုပ်​နေလဲဆိုတာ သူ့အခန်းမှာတက်ထား​သော CCTVကို ဖုန်းပြီးjoinပြီးကြည့်လိုက်မိတယ်။

သူမစဝင်ကတည်းက အခုထိ ကုတင်​ပေါ်မှာ ဖုန်းသုံး​နေတာ။သူမ​ပြောတဲ့အတိုင်းတကယ်​နေနိုင်တာဘဲ။အစည်းအ​ဝေးပြီး​တော့ သူမဆီကိုသွားကြည့်ဖို့ စဥ်းစားလိုက်သည်။အခန်းထဲဝင်ဖို့ တံခါး​ခေါက်တာ​တောင် ဘာသံမှပြန်မကြားဘူး။သူမ အိပ်​​ပျော်​နေတယ်အထင်နဲ့ဝင်လာလိုက်​တော့ တကယ်ကိုအိပ်​ပျော်​နေတာပင်...

နှစ်နှစ်ခြိုက်ခြိုက်အိပ်​နေတဲ့ ကုတင်​ပေါ်ကမိန်းက​လေးကိုကြည့်ပြီး သူပြုံးလိုက်သည်။အခုတ​လောသူတို့နှစ်​ယောက် ဆက်ဆံ​​ရေးက​ကောင်းမွန်လာတယ်။သူမ တကယ်ဘဲ ​ပြောင်းလဲဖို့ကြိုးစား​နေတယ်လို့ သူခံစားမိတယ်။ဒီအရာက သူ့ကို​ပျော်ရွှင်​စေတယ်။သူ သူမနဲ့ဒီအတိုင်း​လေး သာသာယာယာ​နေချင်တယ်။အိပ်စက်​နေ​သော သူမကိုကြည့်​နေရင်း အသိဝင်ချိန်မှာ သူဟာသူမနဖူး​လေးကို အသာအယာနမ်းပြီးပြီဖြစ်သည်။​ထို့​နောက် ရုံးခန်းသို့မသွား​တော့ဘဲ အိပ်ခန်း၌သာ အလုပ်ဆက်လုပ်​နေလိုက်သည်။

သူမ ဖုန်းနဲ့ဇာတ်ကားကြည့်​နေရင်း ဘယ်လိုအိပ်​​ပျော်သွားလဲ​တော့မမှတ်မိ။နိုးလာ​တော့ ကုတင်​ဘေးက ခုံမှာထိုင်ပြီး laptopနဲ့အလုပ်လုပ်​နေတဲ့ စိုင်းပြည့်လွင်ကို​တွေ့လိုက်ရတယ်။

အိပ်ရာ​ပေါ်၌ငုတ်တုတ်ထိုင်​နေ​သော သူမကိုမြင်​တော့
"နိုးပြီလား ကိုမင်းကိုနှိုး​တော့မလို့"

"ကျွန်မ အိပ်​ပျော်သွားတယ် ဘယ်အချိန်ရှိပြီလဲဟင်"

"၃နာရီ၄၈မိနစ်"

"သွားပြီ!!"

"ဘာလို့လဲ"

"ကိုကို့အတွက်ညစာချက်​ပေးဖို့​လေ ကိုအလုပ်မပြီး​သေးရင် ချစ်အိမ်ပြန်နှင့်မယ်"

သူ့အတွက် ညစာချက်​ပေးဖို့​ပြော​နေ​သော သူမကိုကြည့်​နေသည့် သူ့မျက်ဝန်းမှာ ​ပျော်ရွှင်မှုအပြည့်။သူကိုယ်တိုင် သူမအနားသွားထိုင်ကာ သူမ၏​ခေါင်း​​ကို​နောက်မှကိုင်၍ သူ့နဖူးနဲ့သူမနဖူးကို ထိကပ်လိုက်သည်။"ဒီည ကိုတို့အပြင်ထွက်စားကြမလား"

သူမချစ်​သော ဗီလိန်(သူမချစ်သော ဗီလိန်)حيث تعيش القصص. اكتشف الآن