သီတင်းကျွတ်

2.1K 121 21
                                    

💞သူမချစ်​သော ဗီလိန်💞
ဒါဒါ​လေးများအတွက် သာသာ့ရဲ့သီတင်းကျွတ်လက်​ဆောင်💕

ကုတင်​ပေါ်၌ဖုန်းကြည့်ရင်း နှုတ်ခမ်းဆူနေ​သော
လင်းလဲ့ကို စိုင်းပြည့်လွင်​စောင့်ကြည့်​နေတာကြာပြီဖြစ်သည်။အ​ရေးကြီးအစည်းအ​ဝေးဖြစ်သည့်အပြင် Zoomဖြင့်​​ဆွေး​နွေး​နေတာ​ကြောင့် သူမကို​မေးကြည့်ချင်​သော်လည်း အစည်းအ​ဝေးမပြီး​သေးတာ​ကြောင့် အဆင်မ​ပြေ။

စိုင်းပြည့်လွင် အစည်းအ​ဝေးကိုအာရုံစိုက်​နေစဥ် လင်းလဲ့ရဲ့ သက်ပြင်းချသံကြားလိုက်တာ​ကြောင့်
"​တောင်းပန်ပါတယ် ကျွန်​တော်ကိစ္စတခု​ကြောင့်အစည်းအ​ဝေးကို ရပ်နားပါတယ်"

Laptopကိုပိတ်လိုက်သည်နှင့် သူ၏​ခြေလှမ်းများဟာ ကုတင်​ပေါ်ကသူမဆီသို့...
"Baby ​နေမ​ကောင်းဘူးလား"

"ဟင် ကိုကိုအစည်းအ​ဝေးပြီးသွားပြီလား"

သူမ နဖူးကိုစမ်း​ကြည့်​တော့လဲ ပုံမှန်ကိုယ်အပူချိန်သာဖြစ်သည်။
"Baby​နေလို့မ​ကောင်းဘူးလား မျက်နှာမ​ကောင်းဘူး​လေ"

"​ကောင်းပါတယ် ဘာမှမဖြစ်ဘူး"

သူမရဲ့မျက်နှာအရိပ်အကဲကိုအမြဲ​စောင့်ကြည့်​နေ​သော စိုင်းပြည့်လွင်အတွက် ယခုသူမတခုခုဖြစ်​နေတယ်ဆိုတာ သိနိုင်သည်။
"ကိုယ့်ကို ​ပြောပြ Babyတခုခုကိုအလိုမကျဖြစ်​နေတယ်မလား"

ဒါ​ပေါ့ ​တော်​တော်ကိုအလိုမကျတာ။အရင်ကမ္ဘာမှာ သီတင်းကျွတ်လို့လူကြီး​တွေကိုလိုက်ကန်​တော့ရင် မုန့်ဖိုးရတယ်​လေ။အခု​ကမ္ဘာက သိတဲ့လူလဲမရှိဘူး။ဘယ်လူကြီးကိုသွားကန်​တော့ပြီး မုန့်ဖိုး​တောင်းရမှာလဲ။
ငါ​လေး​တော့ ဒီနှစ်သီတင်းကျွတ်မွဲ​ကိန်းဆိုက်​နေပြီ​လေ...
"ကိုယ့်Princess​လေးကို ဘယ်အရာကစိတ်
အ​နှောင့်အယှက်ပေးတာလဲ"

"ဒီ​နေ့က သီတင်းကျွတ်​လေ"

"ဟုတ်တယ်​လေ"

"သီတင်းကျွတ်မုန့်ဖိုးမှ မရ​သေးတာ ချစ်​တော့
ဒီနှစ်မွဲပြီ​လေ"

သူပိုင်ဆိုင်သမျှ လင်းလဲ့အား​ပေးအပ်ထား​သော စိုင်းပြည့်လွင်"........"

"​မနက်ဖြန်မှဆွေမျိုး​တွေကိုလိုက်ကန်​တော့ပြီး မုန့်ဖိုး​တောင်းရင်​ကောင်းမလား"

က​လေးဆန်​သောအ​တွေး​လေးနှင့် ​ကောင်မ​လေးကို စိုင်းပြည့်လွင်ပိုမချစ်ဘဲမ​နေနိုင်။သူ့ရဲ့ပိုင်ဆိုင်မှု​တွေက သူမ တသက်စားမကုန်​ပေ။ဒါကို သူမက သီတင်းကျွတ်မုန့်ဖိုးမရလို့စိတ်ညစ်​နေ​သည်တဲ့
"Babyက အနီးမှာရှိတဲ့​ငွေထုပ်ကြီးကိုမမြင်​တော့ဘူးလား"

မိုက်မဲလိုက်တဲ့ လင်းလဲ့ဝသန်။ဗီလိန်​ဘောစိကို ရည်းစား​တော်ပြီး မုန့်ဖိုး​လေး ၅​ထောင်၁​သောင်း​လောက်ကို ငတ်​နေတာ...
"ကိုကို​ရေ ချစ်ကိုသီတင်းကျွတ်မုန့်ဖိုး​လေး​ပေးချင်ဘူးလား"

"ကိုယ်ပိုင်သမျှ babyအတွက်ဘဲ​လေ"

"ကိုယ်ပိုင်သမျှ babyအတွက်ဘဲ​လေ"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သာသာ"စိုင်းလုံ​လေး​ရေ"

စိုင်းလုံ"​ပြော​လေ"

သာသာ"သီတင်းကျွတ်မှာ သာသာနဲ့အတူတူ
ဆင်ဂယ်ဘဝက မကျွတ်ချင်ဘူးလား"

စိုင်းလုံ"......"

နိုရဲရင့်"သာသာ​ရေ သီတင်းကျွတ်မှာ ဆင်ဂယ်ဘဝကမဟုတ်ဘဲ လူ့ဘဝကကျွတ်ချင်လို့လား"

သာသာ"......."

သာသာ"Hendery​ရေ"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သာသာ"Hendery​ရေ"

Hendery"ဘာလဲ"

သာသာ"သီတင်းကျွတ်ပြီ​လေ နင်​ကောင်မ​လေး
မရ​သေးဘူးမလား ဗက်ဟတ်ဟတ်"

Hendery"ဒီ​ဖေ....."

"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
သူမချစ်​သော ဗီလိန်(သူမချစ်သော ဗီလိန်)Where stories live. Discover now