မယ် ၁၁ ( Unicode )

Start from the beginning
                                    

"သင်း တို့မျက်နှာ ငါမမြင်ချင်ဘူး ၊ ငါ့အိမ်က အခုချက်ချင်းထွက်သွား "

ဘွားရွှေသာသည် လက်‌ညှိုးငေါက်ငေါက်ထိုးကာ နှင်တော့သည်။ မယ်သည် မျက်ရည်များကြားမှ ဘွားရွှေသာကို တစ်လှည့် ဦးအောင်မင်းကို တစ်လှည့်ကြည့်မိသည်။

မယ့် အမြင်အာရုံတို့သည် ဝေဝါးကာ မပြတ်မသားရှိနေ‌ေလသည်။

***********

မယ်သည် အိမ်ကို စွန့်ခွာရသောအခါတွင်မူ ရှိုက်ကြီးတငင်ငိုမိတော့သည်။ ပျော်ရွှင်ခဲ့ရသော အချိန်တို့သည် တရေးရေး ပေါ်လာသလို ဝမ်းနည်းပူဆွေးကာ ငိုကြွေးခဲ့ရသော အချိန်တို့သည်လည်း ထင်ထင်ရှားရှားပင် ပေါ်လာသည်။

ကားမောင်းနေသော ဦးအောင်မင်းသည် လက်တစ်ဖက်ဖြင့် မယ့် လက်ဖမိုးကို အုပ်ကိုင်လိုက်သည်။

"သိပ်ဝမ်းနည်းနေသလား"

မယ် သည် ခေါင်းခါသည် ။

"မယ် ပန်းပင်လေးတွေကို သတိရရုံပါ"

"မယ် သစ်ခွပန်းတွေကို သတိရနေရင် သစ်ခွပင်တွေ အများကြိး စိုက်ပေးထားမယ်လေ "

မယ်သည် မျက်ရည်များကျလာပြန်သည်။ ထိုမျက်ရည်သည် မည့်သည့်အတွက်ကျခြင်းကိုမူ မယ်ကိုယ်တိုင်လည်း မသိ။

ဦးအောင်မင်းသည် ဘေးတွင် အိပ်ပျော်နေသော မယ့်ကို ကြည့်ကာ ပြုံးမိလိုက်သည်။ မယ့်ကို အပိုင်ရပြိဟူသော အသိသည် ဦးအောင်မင်းကို ပြုံးရယ်စေနိုင်သည်။ ဘွားရွှေသာရိုက်မိသော လက်ဝါးသည် သိပ်မနာကျင်ရသော်လည်း မယ့် ထံမှ အားကိုးခြင်းနှင့် ယုံကြည်ခြင်းကို ရနိုင်စေသည်။ ထိုသို့ မကာကွယ်လိုက်လျှင် မယ်သည် မိမိနောက်သို့ လိုက်လာရန် တွေဝေကောင်းတွေဝေမိလိမ့်မည်။ ယခုမူ မယ်သည် မိမိကို ယုံကြည်ကာ ခေါ်ရာနောက်သို့ ငြိမ်ငြိမ်သက်သက်ပင် လိုက်လာသည်။

ဦးအောင်မင်းသည် အောင်နိုင်သူ၏ အပြုံးမျိုးကို ပြုံးပြလိုက်ရင်းခပ်တိုးတိုးရယ်လိုက်သည်။

"ဦး‌လေ မယ့်ကို လိုချင်တယ် "

**************

အိမ်အသစ်တွင် မယ် သည် ပျော်ရွှင်ရပါသည်။ မနက်စောစော ထကာ ဦးအောင်မင်းအတွက် စားသောက်ဖွယ်ရာများကိုပြင်ဆင်သည်။ ဦးအောင်မင်း အလုပ်သွားခါနီးတွင် ပွေ့ဖက်က နှုတ်ဆက်သည်။ ထို့နောက်တွင်မူ ဦးအောင်မင်း ပြန်မလာခင်အထိ အိမ်အလုပ်များကို လုပ်ရင်း ကြည်ကြည်နူးနူးပင် စောင့်နေသည်။

မယ် Where stories live. Discover now