Chapter 188 to 190

En başından başla
                                    

မကြာခင်တွင် ရီချင်းတင်လိုက်သောပို့စ်ဟာ အတော်လေးလူသိများသွားခဲ့လေသည်... ဤသို့ဖြင့် များမကြာမီတွင်ပင် ရီကျန်းသည် နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သောမစ္စလုဆိုသည့်နာမည်ကို ရရှိလာခဲ့လေတယ်... ရီချင်းသည်လည်း ညီမဖြစ်သူအတွက် ကူပြောပေးခဲ့သောစိတ်ထားလှသည့်သရုပ်ဆောင်မင်းသမီးရီချင်းဆိုသော နာမည်ဖြင့်ပရိသတ်များစွာတိုးလာခဲ့ကာ သူမရဲ့Weiboအကောင့်ကို Followလုပ်သည်သူများတက်လာခဲ့တာကြောင့် ရီချင်းတစ်ယောက် ပြုံးပန်းဝေလို့နေလေပြန်၏...

အမှန်တိုင်းဆိုရသော် ရီချင်းသည် လုပေရွှမ်းနှင့်ရှန်ဝေ့ရင်းတို့ရဲ့ကောလဟလကို ရီကျန်းဆီသို့ သတင်းပို့ပေးရုံသာ လုပ်ခဲ့ခြင်းဖြစ်လေတယ်... ထိုသို့လုပ်ပြီးနောက်တွင် သူမက အေးအေးဆေးဆေးလေး ထိုင်စောင့်နေရုံဖြင့်ပင် သူမရဲ့အောင်မြင်မှုနှင့် ပရိသတ်တို့ တိုးလာခဲ့ခြင်းဖြစ်သည်...

ရီချင်းသည် သူမဟာ ရီကျန်းဆီသို့ ဖုန်းဆက်သင့်ပြီဟု တွေးမိချိန်တွင် ချက်ချင်းဖုန်းဆက်လိုက်တော့၏...

" Hello... ကျန်းကျန်း... နင့်ရဲ့ကောလဟလနဲ့ အတင်းအဖျင်းတွေ ပျောက်သွားလို့ ငါတကယ်ဝမ်းသာတယ် သိလား... "

ထိုအခါ ရီကျန်းသည် မထူးမခြားနားသောလေသံဖြင့် " Ommပါ... ဒါနဲ့ ငါ့ကို ဘာကိစ္စရှိလို့ ဖုန်းဆက်တာလဲ...  "

" အခု နင်သိပြီမလား... ငါက နင့်ကို နစ်နာအောင် မလုပ်ဘူးဆိုတာလေ... တတိယလူဆိုတဲ့နာမည်ကို နင်ရှင်းနိုင်မယ်လို့ ငါထင်ပါတယ်... "

ရီကျန်းသည် ရီချင်း၏စကားကြောင့် လှောင်ပြုံးပြုံးလိုက်မိ၏... သူမသည် ထိုအမျိုးသမီး လိမ်လည်နေသည်ကို သိနေတာကြောင့်ပင် ဖြစ်လေသည်...
" အခုလို ပြောပေးလို့ ကျေးဇူးပါ... "

ထို့နောက်တွင်တော့ ရီချင်းသည် သူမရဲ့လိုရင်းဆီသို့ စကားစလေတော့တယ်...
" လုကော်ပိုရေးရှင်း လက်အောက်က ရေမွှေးတံဆိပ်အတွက် ​ကြော်ငြာမင်းသမီး ပြောင်းဖို့လုပ်နေတယ်ဆို... "

" Omm... ဟုတ်တယ်... "

ရီချင်းဟာ သူမ ပြောချင်နေသည့်စကားလိုရင်းကို ရောက်တဲ့အခါ " ကျန်းကျန်း... လုပေရွှမ်းနဲ့ရှန်ဝေ့ရင်းတို့ကောလဟလကို သတိပေးခဲ့တာ ငါနော်...ပြီးတော့လည်း ငါတို့က ညီအစ်မအရင်းတွေ... မိသားစုဝင်အချင်းချင်း ကူညီဖေးမကြရမယ်မလား... လုကော်ပိုရေးရှင်းရဲ့ရေမွှေးကြော်ငြာကိစ္စကို အပြင်လူကို ပေးလိုက်ရင် တစ်မျိုးမြင်ကြမှာလေ... ငါပြောတာ ဟုတ်တယ်မလား... "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Hikayelerin yaşadığı yer. Şimdi keşfedin