Part 12

306 64 7
                                    

Part 12

နှစ်လုံးဆင့်ထပ်ထားသော ခေါင်းအုံးပေါ်ကို ကျောမှီလိုက်ပြီး အသက်ကိုဖြည်းဖြည်းချင်းရှုကြည့်နေသည်။ ဒီရက်ပိုင်း အသက်ရှုရတာ ပုံမှန်ထက် ခက်ခဲလာပြီး ကျောအောင့်ရင်အောင့်တာကလည်း အကြိမ်ရေစိပ်လာသောကြောင့် အိမ်ကစိတ်ပူပြီး ဆေးရုံမှာကုသမှုခံယူနေရသည်။ ခြေထောက်နှစ်ဖက်လုံးကို အသာအယာ ပွေ့မြှောက်လိုက်ပြီး ဖက်ခေါင်းအုံးထိုးထည့်ပေးသူက ဘတ်ခ်ဟျွန်းမှန်း မျက်လုံးဖွင့်မကြည့်လည်း သိနေပြီးသားဖြစ်သည်။ Humidifier ဖွင့်သည့်အသံကြားလိုက်ပြီး အသက်ရှုရတာ ပိုအဆင်ပြေလာသည်။

"သက်သာလား ဆူး ပရုတ်ဆီရှူဦးမလား"

"ပရုတ်ဆီတွေ အများကြီးရှုတာမကောင်းဘူးလို့ ကိုယ်ပြောထားတယ်လေ
ဂျောင်ဆူးကို ပရုတ်ဆီတွေ ခဏခဏပေးမရှူနဲ့"

ဘတ်ခ်ဟျွန်းလက်ထဲက ပရုတ်ဆီဘူးကို ဆွဲယူလိုက်သူက ဘတ်ခ်ဟျွန်းရဲ့ အစ်ကိုဝမ်းကွဲ ဆရာဝန်ဖြစ်သည်။

"ဂျောင်ဆူး မနက်ဖြန် နောက်တစ်ခေါက်လောက် စစ်ဆေးမှုယူကြည့်ရအောင်"

"ကျွန်တော် ဒီတိုင်းလေးလည်းနေကောင်းပါတယ် အစ်ကို"

"ရာသီဥတုအေးနေသမျှတော့ ဂျောင်ဆူးက အများကြီး ဂရုစိုက်ဖို့လိုနေဦးမှာပဲ
နျူမိုးနီးယားဝင်တယ်ဆိုတာက တစ်သက်လုံး ဂရုတစိုက်နေသွားရမှာ
ဂျောင်ဆူးက အစကတည်းက အဆုတ်အားနည်းတော့ ပိုဆိုးတယ်
ဆေးပုံမှန်သောက်နေရုံအပြင် လိုအပ်တဲ့ကုသမှုတွေလည်းယူဦးမှအဆင်ပြေမှာ"

"ကိုကို ဆူးလေးက ကုလိုက်ရင်တော့ အရင်လိုနေပြန်ကောင်းမယ်မဟုတ်လား"

"နောက်တစ်ခါ အဆုတ်ကို ထပ်ပြီး မထိခိုက်ရင်တော့ စိုးရိမ်စရာမရှိပါဘူး
ပိုပြီး ဂရုတစိုက်နေဖို့တော့လိုတယ်"

ဆရာဝန်အခန်းထဲကထွက်သွားတော့ ဘတ်ခ်ဟျွန်းက အပူပေးစက်ကို အပူချိန်ပိုမြှင့်လိုက်သည်။

"တရှောင်ရှောင်ဖြစ်နေတာ တစ်လလောက်တောင်ရှိတော့မယ် ဆူးရယ်
အစကတည်းက အဆုတ်အားနည်းတာကို ဟိုတစ်ခါ မိုးမိတာမဖြစ်လိုက်ရင် အခြေအနေဆိုးမှာမဟုတ်ဘူး
အဲ့ဒီ ပတ်ချန်ယောလ်ကြောင့်"

The heart wants what it wantsWhere stories live. Discover now