Part 3

310 68 11
                                    

Part 3

"ဆူးလေး ဆူးလေး မင်းကတော့ နာမည်ကြီးပြီပဲ"

ကျောင်းရောက်ရောက်ချင်း အသံပြဲနဲ့အော်နေတဲ့ ဘတ်ခ်ဟျွန်းကြောင့် အကုန်လုံးရဲ့အကြည့်တွေက ဂျောင်ဆူးဆီရောက်လာသည်။

"ဘာလဲ ဘာဖြစ်လို့လဲ
တိုးတိုးပြောပါ သူများတွေကြည့်နေတယ်"

"အထက်တန်းဒုတိယနှစ်က မင်အာက မင်းကိုသဘောကျလို့တဲ့ ဒီမှာ"

ဘတ်ခ်ဟျွန်း ပြမှ သတိထားမိရသည့် လက်ဆောင်ဗူးတစ်ခုနှင့် စာအိတ်တစ်ခုက ဂျောင်ဆူးထိုင်သည့်စားပွဲပေါ်မှာ။ ဘာလုပ်ရမှန်းမသိဘဲကြည့်နေတုန်း ဗူးကိုရော စာအိတ်ကိုပါ အမှိုက်ပုံးထဲပစ်ထည့်လိုက်သည့် ချန်ယောလ်။

"ချန်ယောလ် ဘာလုပ်တာလဲ မင်အာက မင်းကိုပေးတာမှမဟုတ်တာ"

"ဂျောင်ဆူးက အဲ့ဒါမျိုးတွေသဘောမကျဘူး"

"အရင်က သဘောမကျလည်း အခုသဘောကျရင် ကျမှာပေါ့
ဆူးလေး မင်အာက ချောတယ် တွဲကြည့်ပါလား"

"ငါသူ့ကိုမသိဘူး"

"ငါချိန်းပေးရမလား"

"ဗြောင်ဘတ်ခ်ဟျွန်း မင်းသိပ်အားနေလား"

"မင်းကိုမကြိုက်လို့ မနာလိုဖြစ်နေတာလား ချန်ယောလ်
မင်းကိုလည်းကြိုက်တဲ့သူရှိမှာပါ စိတ်ပုတ်တာလေးနည်းနည်းလျော့လိုက်"

ချန်ယောလ်ပစ်လိုက်တဲ့ ပစ္စည်းတွေကို အမှိုက်ပုံးထဲကနေ ပြန်ကောက်ပေးရင်း ဘတ်ခ်ဟျွန်းကပြောသည်။

"ငါမလိုချင်ဘူး ပြန်ပေးလိုက်မယ်လေ"

"ငါသွားပေးမယ်"

"မင်းကသိလို့လား ချန်ယောလ်"

"ပါးစပ်ပါရင်စုံစမ်းလို့ရတာချည်းပဲ"

ချန်ယောလ်က ဘတ်ခ်ဟျွန်းလက်ထဲကပစ္စည်းတွေကို ဆွဲယူကာ အခန်းထဲကထွက်သွားသည်။ ဂျောင်ဆူးက သက်ပြင်းသာ ချလိုက်ပြီး ခုံမှာဝင်ထိုင်လိုက်သည်။ တစ်နေ့ကတည်းကရင်ထဲမှာဖြစ်ပေါ်နေသည့် လေးလံတဲ့ခံစားချက်ကြောင့် စိတ်ရှုပ်ရသည့်အထဲ
မသိတဲ့လူက လာကြိုက်နေသေးသည်။ အဲ့ဒါကို ချန်ယောလ်က စိတ်ဆိုးသွားပြီထင်ပါရဲ့။ ဂျောင်ဆူးက ပြန်ချော့ရဦးမည်ပေါ့။ ဘေးခုံမှာဝင်ထိုင်လိုက်တဲ့ ဘတ်ခ်ဟျွန်းက ဂျောင်ဆူးကိုယ်ကို သူ့ဘက်အတင်းဆွဲလှည့်သည်။

The heart wants what it wantsWhere stories live. Discover now