Part 8

274 66 14
                                    

Part 8

ဂျောင်ဆူးအိမ်ကို ပြန်ရောက်လာပြီးနောက်ပိုင်း ကျွန်တော်နဲ့ ဂျောင်ဆူး ဆက်ဆံရေးက အရင်လိုပြန်အဆင်ပြေနေပါသည်။မနက်စာ ညစာ တူတူစားသည်။ ကျောင်းတူတူသွားသည်။ ပိတ်ရက်တွေတို ဇာတ်လမ်းတွေကြည့်လိုက် စာဖတ်လိုက် ဂျောင်ဆူးက ကျွန်တော်စားချင်တာတွေ ချက်ကျွေးလိုက်နှင့် ပြန်နွေးထွေးလာပြန်သည်။

နှစ်ပတ်လောက်ကြာသွားသည်အထိ ကျောင်းလည်းမတက် ဖုန်းလည်းဆက်မလာသော အွန်းဘီကို ချန်ယောလ်လည်း မဆက်သွယ်ဖြစ်။ ဂျောင်ဆူးပြန်ရောက်တဲ့နေ့ကမှ မကိုင်ဖြစ်တဲ့ဖုန်းတွေကိုပြန်စစ်ကြည့်တော့ ဂျောင်ဆူးနဲ့ အွန်းဘီဆီက missed call များကိုတွေ့ရသည်။ အွန်းဘီဆီကနေ တိုက်ခန်းရှေ့ရောက်နေကြောင်း စာပို့ထားသည်များလည်းတွေ့ရသည်။ ကျွန်တော်မူးနေခဲ့တဲ့ နှစ်ရက်လုံးလား တစ်ရက်တည်းလား သေချာတော့မမှတ်မိပေမဲ့ အိမ်တံခါးကို တဝုန်းဝုန်းလာထုရိုက်နေတာ အွန်းဘီပဲဖြစ်ပါလိမ့်မည်။ ဂျောင်ဆူးဆို လျှို့ဝှက်နံပါတ်နှိပ်ပြီး အေးအေးဆေးဆေးဝင်လာလို့ရတာပဲလေ။

ဂျောင်ဆူးအနားမှာပြန်ရှိသွားတာကြောင့်လားတော့ မသိ။ ဒီရက်ပိုင်းတော့ ကျွန်တော်က အွန်းဘီမရှိလည်း အဆင်ပြေနေပါသည်။ ကျွန်တော် အိပ်နေရာကနေ ထလာပြီး နာရီကြည့်လိုက်တော့ ညနေ ၆ နာရီဖြစ်သည်။မိုးရွာနေသောကြောင့် ရာသီဥတုက အေးတာထက်ပိုစိမ့်နေပြီး အလွန်ကွေးလို့ကောင်းသော အခြေအနေဖြစ်သည်။ ဆက်အိပ်နေရင် ဖျားမှာစိုးသောကြောင့် အိပ်ယာကထပြီး အခန်းပြင်ထွက်တော့ ဧည့်ခန်းက ဆိုဖာပေါ်မှာအိပ်ပျော်နေသော ဂျောင်ဆူးကို တွေ့သည်။ စာကြည့်ရင်းအိပ်ပျော်သွားပုံရပါသည်။ စားပွဲပေါ်မှာတင်ထားသောစာအုပ်တွေက ဖရိုဖရဲနှင့်။

"ဂျောင်ဆူး အခန်းထဲဝင်အိပ်"

လက်မောင်းကနေ လှုပ်နှိုးလိုက်တော့ ဂျောင်ဆူးဆီက အပူဓာတ်ကို ခံစားရသည်။ အဆုပ်အားနည်းသောကြောင့် မိုးရွာတိုင်း အအေးမိမခံနိုင်တဲ့ ဂျောင်ဆူးက ဖျားနေပြန်ပြီ။

"ဂျောင်ဆူး ဖျားနေတယ် ဆေးသောက်ပြီး အိပ်လိုက်တော့"

အတင်းလှုပ်နှိုးတော့မှ ဂျောင်ဆူးက ထ ထိုင်သည်။

The heart wants what it wantsWhere stories live. Discover now