Part 2

391 68 1
                                    

Part 2

ကျောင်းသားများအားလုံး အတက်ကြွဆုံးနေ့လည်ကျောင်းဆင်းချိန်တွင် ဘတ်ခ်ဟျွန်းရဲ့ ဦးဆောင်မှုနဲ့ ကျောင်းကန်တင်းကိုရောက်ခဲ့သည်။ ထမင်းယူရန် ဗန်းတွေကိုင်ထားကာ တန်းစီနေရင်း ဂျောင်ဆူးက အနောက်မှာရပ်နေသည့်ချန်ယောလ်ကို လှည့်ကြည့်ရင်း စကားပြောရသည်။

"ချန်ယောလ် ဘယ်လိုလုပ်ရောက်လာတာလဲ ငါ့ကိုလည်း ကြိုမပြောဘူး"

"မင်းမရှိဘဲ ဘယ်လိုနေမလဲ
အိမ်ကို အများကြီးပူဆာခဲ့ရတာ"

"အခု ဦးလေးအိမ်မှာနေတာလား"

"ဟုတ်တယ် ဦးလေးက စည်းကမ်းကြီးပေမဲ့ ငါကောင်းကောင်းနေနိုင်ပါတယ်"

"ငါ့အတွက်နဲ့ ဒုက္ခခံလို့"

"မင်းအတွက် မဟုတ်ဘူး ငါ့အတွက်
မင်းမရှိရင် ငါက အဆင်မပြေတာ အဲ့ဒါကြောင့်"

ဂျောင်ဆူးက တစ်ခုခုပြန်ပြောဖို့ ပြင်လိုက်တုန်း လက်ကိုဆွဲလှုပ်ပြီး စကားပြောတဲ့ ဘတ်ခ်ဟျွန်းကြောင့် စကားစ ပြတ်သွားသည်။

"ဂျောင်ဆူး မြန်မြန် အရံဟင်းအစုံရအောင်"

"ကျောင်းက အရံဟင်းကို အလုံအလောက်မလုပ်ထားဘူးလား"

"လုပ်ထားပေမဲ့ လူတအားများတော့လေ မလောက်တာရှိတတ်တယ်"

ဂျောင်ဆူးတို့ ပင်လယ်ကမ်းခြေမြို့က ကျောင်းဆိုရင် လောက်ရုံမက ပိုတောင်ပိုနေတတ်သေးသည်။ လူဦးရေနည်းတာလည်း ပါလောက်ပါသည်။ သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့။
ထမင်းယူပြီးတော့ စားပွဲအလွတ်မရှိတော့သောကြောင့် လူအများထိုင်သည့် စားပွဲရှည်တွင်သာဝင်ထိုင်လိုက်သည်။

"ခေါင်းဆောင်နဲ့တစ်ဝိုင်းတည်းထိုင်မိတာပဲ"

ဆံပင်အနက်ကို သပ်ရပ်နေအောင်ဖြီးသင်ထားသည့်ကျောင်းသားကိုကြည့်ပြီး ဘတ်ခ်ဟျွန်းကပြောသည်။ ခေါင်းဆောင်ဆိုသည့်ကျောင်းသားက ဂျောင်ဆူးတို့ကို တစ်ချက်လှမ်းကြည့်ပြီး ပြုံးပြသည်။

"တူတူထိုင်ဖြစ်တော့ အတော်ပဲပေါ့
မင်းတို့ကို သန့်ရှင်းရေးလုပ်ဖို့ တာဝန်ကျရက်ရယ် အားကစားဝတ်စုံပေးဖို့ရယ်
သင်ခန်းစာတွေပြန်ညှိပေးဖို့ရယ်ရှိသေးတယ်"

The heart wants what it wantsWhere stories live. Discover now