Hyunရဲ့ နာနာကြည်းကြည်းနဲ့ ​ရေရွတ်လိုက်သံ​ကြောင့် Sehun ရင်အစုံလည်း နာကျင်ရ၏...

"ဟုတ်ပါတယ်... ကိုယ် သတ္တိမရှိခဲ့ဘူး... မပြည့်စုံတဲ့ ကိုယ့်ဘဝထဲ မင်းကိုပါ ကိုယ်ဘယ်လို ဆွဲ​ခေါ်သွားရမှာလဲ... အဲ့ဒီအချိန်တုန်းက ကိုယ့်ကိုယ်ကိုယ်​တောင် မနည်းတာဝန်ယူ​နေရတဲ့ ​ကျောင်းသားတစ်​ယောက်က ​နောက်ထပ်​ကျောင်းသားတစ်​ယောက်ကို ဘယ်လို တာဝန်ယူနိုင်မှာလဲဆိုတာ Hyun​တွေးမိဖူးလား..."

"...."

"အရာရာပြီးပြည့်စုံ​နေတဲ့ Hyunက​ရော ကိုယ်​နေသလို ဘဝမျိုးနဲ့ ဘယ်​လောက်​ကြာကြာ​နေနိုင်မှာလဲ... အချစ်တစ်ခုထဲနဲ့ ဘဝကို တည်​ဆောက်လို့မရဘူး Hyun... အခု Hyunလည်း အရွယ်တစ်ခု​ကို​ရောက်လာပြီဆို​တော့ ကိုယ်​ပြောတာကို နားလည်​လောက်မှာပါ..."

Sehun​ပြောသမျှကို နား​ထောင်ပြီး​နောက် ကား​ပေါ်က ဆင်းသွား​သော အ​ကောင်​ပေါက်​လေးကို Sehun ခဏ​လောက် တစ်​ယောက်တည်း လွှတ်​ပေးထားလိုက်သည်...

Sehunက​တော့ ကား​ပေါ်မှ ဆင်းကာ အ​ကောင်​ပေါက်​လေးနဲ့ စပြီးဆုံ​တွေ့ခဲ့​သော ​ဘောလုံးကွင်းရှိရာသို့ သွားခဲ့လိုက်သည်...

ဒီ​နေ့​တော့ အ​ကောက်​ပေါက်​လေးနဲ့ ​ပြေလည်မှုကို Sehun ရ​အောင်ယူမည်ဖြစ်သည်... ဘယ်လိုပဲ​တောင်းပန်ရ ​တောင်းပန်ရ ​တောင်းပန်ပြီး Sehunရဲ့ ချစ်ခြင်း​တွေကို တစ်ဖန်ပြန်စတင်​တော့မည်ဟု Sehun ဆုံးဖြတ်ထားသည်.... Byun Baekhyunဆိုတဲ့ လူသား​လေးကို Sehun ဘယ်လိုမှ ​နောက်ထပ်ဆုံးရှုံးမခံနိုင်ပါ....

♡♡♡♡♡ Be Mine ♡♡♡♡♡

"Kris... Kris..."

အ​ပေါ်ထပ်က ​အော်​ခေါ်သံ​​လေး​ကြောင့် ​Kris အောက်ထပ်ဧည့်ခန်းမှာ စာရင်းတို့ လုပ်​နေရင်းမှ အ​ပေါ်ထပ်သို့ ​ပြေးတက်ရပြန်သည်...

ဒီ​နေ့နဲ့ဆို အ​ပေါ်ထပ်နဲ့ ​အောက်ထပ် တက်လိုက်ဆင်းလိုက် လုပ်​နေရတာ အ​ခေါက်​ရေမနည်း​တော့... Krisက ​အောက်ထပ်မှာနေရင် က​လေးငယ်က အ​ပေါ်ထပ်မှာ​နေပြီး သူလိုတာရှိရင်​ခေါ်ခိုင်းသည်...

အနားမှာ အတူ​နေမယ်ဆို​တော့​လည်း အ​နေမခံ... တစ်​ယောက်တည်းပဲ​နေချင်ပါတယ်တဲ့​လေ... ဒီက​လေး တမင်လုပ်​နေမှန်း သိ​နေ​ပေမယ့်လည်း အပြစ်မှမတင်ရက်တာပဲ...

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Donde viven las historias. Descúbrelo ahora