Part 3 ( Uni )

770 69 0
                                    

မသိဘူး...ချစ်တယ်

Unicode

Part 3

"အမလေး..ဖွားငြိမ်း မြေးလေးကလှလိုက်တာကွယ် ။ "

မကြာခင် တက္ကသိုလ်စတက်ရတော့မည်ဖြစ်တာကြောင့် ဖွားငြိမ်း ကလည်း ဗိုလ်ချုပ်ဈေးရှိ သူမဆိုင်မှ ပိတ်စများဖြင့် ချယ့် အတွက်ဆိုကာ ဝမ်းဆက်များပုံစံမျိုးစုံ အဆင်မျိုးစုံ ချုပ်ပေးလာပြီး ဝတ်ကြည့်စေသည် ။

"ဟီး.."

တစ်ထည်ပြီး တစ်ထည် ဝတ်ကြည့်ရင်း မှန်ကြည့်ကာ ချယ် တစ်ယောက် သဘောကျနေမိသည် ။

"ဒါနဲ့လေ လူကြီး ကိုကော မတွေ့ပါလား ဖွားငြိမ်း "

"မနက်ကမှ မန္တလေး ကို စာတမ်းဖတ်ပွဲ ရှိလို့သွားတယ်ကွဲ့ ။ သန်ဘက်ခါလောက်မှပြန်ရောက်မယ် ။ "

"ဪ.."

ကိုယ့်မျက်စိရှေ့တွင် အရွယ်ရောက်လာသော ချယ်လေး အား ကြည့်ရင်း ဒေါ်ငြိမ်းငြိမ်းအိ သဘောတကျပြုံးနေမိသည် ။ ကိုယ့်သမီးနှင့်သားမှမွေးသည့် မြေးတွေကလည်း အကုန်ယောကျာ်းလေးတွေချည်း ဖြစ်သည် ။ တစ်ဦးတည်းသော ပါသော မိန်းကလေး အံံ့ ကလည်း သိတတ်စအရွယ်ငယ်ငယ်ကတည်း က အစ်ကိုတွေနှင့်ပေါင်းကာ ယောကျာ်းလေးစိတ်ပေါက်ပြီး သူ့အလိုကျအတိုင်း ခွဲစိတ်ပြောင်းလဲမှုကိုပြုလုပ်ခဲ့သည် ။ မိဘတွေကလည်း အချစ်ပိုကာ အလိုလိုက်ကြသူများမို့ ထိုကလေး ဆန္ဒ အတိုင်းသာဖြစ်စေခဲ့ပြီး နောက်ဆုံးမှသာ အဖွားဖြစ်သည့်ကိုယ်ကသိခွင့်ရခဲ့သည် ။

"ဖွားငြိမ်း..ဘာတွေတွေးနေတာလဲ ။ "

"မြေးချယ်ရဲ့ အလှမှာမြောသွားလို့ပါရှင် ။ ကဲ ..ပြော ဒီနေ့ ဖွားကို ပူတင်းလုပ်ကျွေးမယ်ဆိုတာ လုပ်ကျွေးမှာလား ။ "

"ဒါပေါ့..မေမေ ဆီကနေ သေသေချာချာ ရှယ်သင်လာတာ ။ နာရီလေးပုကျိပဲစောင့်နော် ဖွားငြိမ်း.. ကြယ်ငါးပွင့်တွေထက်ကောင်းတဲ့ အရသာကို ချယ်က လုပ်ကျွေးမှာ ။ "

"ဟုတ်ပါပြီရှင်..ကျွန်မကလည်း စားချင်လှပါပြီ ။ "

မေမေ ပွါးလွန်းသဖြင့် သင်ခိုင်းထားသည့် မုန့်လုပ်နည်းတွေထဲမှ အလွယ်ဆုံး နည်းဖြစ်သော ပူတင်း ကတော့ ချယ့် အတွက် အသက်သာဆုံးပင် ။ ထို့ကြောင့် အိမ်နေရင်း အဝတ်အစားတို့အား ပြန်လဲကာ မုန့်လုပ်ရန် မီးဖိုချောင်ထဲသို့ ဝင်လာလိုက်သည် ။

မသိဘူး...ချစ်တယ်[ GL Short Story Completed ]Where stories live. Discover now