Part 4 ( Uni )

683 63 0
                                    

မသိဘူး...ချစ်တယ်

Unicode

Part 4

"လူကြီး မနက်ဖြန် ချယ့် မွေးနေ့နော် ။ ဆက်ဆက်လာဖြစ်အောင်လာရမယ်နော် ။ စောစောလည်းလာရမယ် ။ နောက်မကျနဲ့ ..သိလား ။ "

ရင်ခွင်ထဲတွင် တတွတ်တွတ်ပြောနေသော သာလိကာမလေး၏ ဆံသားပျော့ပျော့လေးအား  အံ့ လက်ဖြင့်သပ်ကာဆော့ကစားလိုက်သည် ။

"လာရမှာပေါ့ကွာ ။ မွေးမေ့လက်ဆောင်ကောဘာလိုချင်လဲပြော ။ "

"တကယ်ပြောရမှာလား ။ "

ဖက်ထားသည့်ရင်ခွင်ထဲမှရုန်းထွက်ကာ မျက်နှာခြင်းဆိုင်ပြောလာသည့် ချာတိတ် ။ မျက်လုံးတောက်တောက်လေးတွေကလည်း လှုပ်ရှားနေသည် ။

"ပြောပါဗျာ ။ ဖြစ်စေရမယ် ။ "

"အနမ်းပေး.."

နှုတ်ခမ်းဖူးဖူးလေးအား ရက်ရက်ရောရောပေးကာ အနမ်းတောင်းဆိုလာသည့် ချစ်ရတဲ့ချာတိတ်လေး ။ အံ့ မနမ်းရဲလို့ မကျူးကျော်ခဲ့တာမဟုတ် ။ တန်ဖိုးထားလွန်းလို့သာ အလှကြည့်ရုံလေးဖြင့်သူကျေနပ်ခဲ့သည် ။ အခုတော့ ချာတိတ်ဘက်မှ တောင်းဆိုလာသည် ။ အံ့ ဘယ်လိုလုပ်ရပါ့...။

ချစ်သူသက်တမ်း ၆ လကျော်လာသည့် လက်လေးနမ်းရုံ ၊ ဆံနွယ်လေးတွေ ဆော့ကစားရုံသာ လုပ်တတ်သည့် လူကြီး ကြောင့် ချယ် နည်းနည်းတော့ အားမလိုအားမရ ။ ကိုယ်မြင်ဖူးကြားဖူးတဲ့ ချစ်သူရည်းစားစုံတွဲ တွေဆို အမြင်ကတ်ချင်စရာကောင်းလောက်သည်အထိပင် သည်းသည်းလှုပ်ချစ်ကြသည် ။ လူကြီးကတော့ ထိုကဲ့သို့ လားလားမှမဟုတ် ။ ကိုယ်ချစ်တဲ့သူထံမှ အနမ်းတော့ ချယ် လည်း ရဖူးချင်တာမို့ အရဲစွန့်ကာ ပြောလိုက်သည် ။ ဒါတောင် လူကြီးက ချယ့် အား စိုက်ပဲကြည့်နေသေးသည် ။

"ကဲ..ရပြီလား ။ "

"ချာတိတ် ! "

စိတ်မရှည်တော့၍ ချယ့် ဘက်ကပဲစတင်ကာ လူကြီး၏ ကကြီးပုံ နှုတ်ခမ်းသားလေးအား ထိကပ်တယ်ဆိုရုံနမ်းလိုက်သည် ။ လူကြီး ကတော့ မျက်လုံးများ ပြူးကာ အံသားသင့်သလို တုန့်ပြန်လာသည် ။

"ဘာလဲ..ချယ် က နမ်းချင်စရာမကောင်းဘူးလား ။ "

"ဟင်းးး "

မသိဘူး...ချစ်တယ်[ GL Short Story Completed ]Where stories live. Discover now