Part 5 ( Uni )

712 62 0
                                    

မသိဘူး...ချစ်တယ်

Part 5

Unicode

"မေမေ စီစဥ်တဲ့ကိစ္စ ချယ် လုံးဝ လက်မခံနိုင်ဘူးနော် ။ "

"ဘာလဲ မိချယ်..သုအံ့စိုင် နဲ့ မေတ္တာရှိနေပါတယ်လို့ပြောမလို့လား ။ "

"မေမေရယ်..သိနေရက်နဲ့ဘာလို့များ ခုလိုစီစဥ်ရတာလဲ ။ "

"လက်မခံနိုင်လို့ပေါ့..လုံးလုံးကိုသဘောမတူဘူးနော် ။ အေး..သူနဲ့ဆက်ပြီးတွေ့နေဦးမယ် တွဲနေဦးမယ်ဆို ငါသေတာပဲ နင်မြင်ရမယ် ။ "

"မေမေ! "

ဧည့်သည်များပြန်သွားသည်နှင့် အိမ်ရှေ့ခန်းတွင် အချေအတင် ဖြစ်နေကြသော ဇနီး နှင့် သမီး အား ကြည့်ကာ ဦးဟန်လင်း မည်သူ့ဘက်လိုက်လို့ လိုက်ရမှန်းပင်မသိ ။ သမီးလေးကလည်း မွေးနေ့ရက်ကြီးတွင်ပင် အဖြူရောင်ဝတ်စုံအပြင်အဆင်နှင့်မလိုက်ဖက်စွာ ငိုနေသလို ဇနီးဖြစ်သူကလည်း မမာနိုင်တဲ့အသည်းကို မာဟန်ပြုနေရှာသည် ။

"ကဲ မိန်းမရယ်..သမီးလေးလည်း ငိုနေရှာပြီလေကွာ..စိတ်လျော့ပါ ။ သမီးလည်း အပေါ်တက်နားတော့ သွား..သွား.."

သမီး၏ ပုခုံးလေးအားဖက်ကာ ဦးဟန်လင်း လှေကားနားရောက်သည်အထိ ပို့ပေးလိုက်သည် ။ ဇနီးဖြစ်သူကတော့ သမီးကွယ်ရာရောက်တော့မှသာ ရှိုက်ငိုလာသည် ။

သူသိတာပေါ့..သူတို့မှာ ဒီသမီးလေးကို ငယ်ငယ်လေးကတည်းက နှစ်ယောက်လုံး ဂရုတစိုက် ချစ်လာခဲ့ကြတာ ။ ဖွားငြိမ်းရဲ့မြေး ဒေါက်တာ အံ့ကလည်း ထူးချွန်ထက်မြက်သည့် လူငယ်တစ်ယောက်ပေမဲ့ သမီးဖြစ်သူနဲ့ လက်ခံပေးဖို့ဆိုတဲ့အရာကတော့ နည်းနည်းခက်ခဲနေတယ်မလား...။

_______________
_______________

လူကြီး အား တွေ့ခွင့်ရဖို့ ချယ် ကြိုးစားခဲ့ပေမဲ့ တွေ့ခွင့်မရခဲ့ ။ ဖွားငြိမ်းတို့ ကလည်း တရားစခန်းဝင်သွားကြသည်ဟု အိမ်မှာထမင်းချက်သည့် အစ်မယုယု ထံမှသိရသည် ။

"အန်တီ..ချယ် ရှိလား ။ သူ့ ဖုန်းဆက်တာစက်ပိတ်ထားလို့ပါ ။ "

"သူ့အခန်းထဲမှာရှိတယ် သမီးတို့..ဝင်သွားလိုက်လေ ။ "

မသိဘူး...ချစ်တယ်[ GL Short Story Completed ]Where stories live. Discover now