"တောင်းပန်ပါတယ် ဒေါက်တာအိုက် "

ဟယ်ကျစ်ရှု မသက်မသာ ခံစားနေရရင်း ,

"ကျွန်တော် ..."

ကျိယွီ ခေါင်းခါပြလျက် အားတင်းကာ ပြုံးပြလိုက်ရင်း ,

"ကျစ်ရှု ကိုယ်တို့ ရန်ကျိုးကို သွားရအောင် "

ကျန်းဝမ်ရွှီသည် သူတို့ နှစ်ယောက် နေထိုင်ရာ အိမ်လေးကို သိသွားပြီဖြစ်ပြီး ရဲစခန်းမှလည်း အမြဲလို ထိန်းသိမ်းမထားနိုင်သောကြောင့် ဘယ်အရာကြောင့်ဆိုသည်အား
သူထပ်ရှင်းပြစရာလိုမည်မထင်ခဲ့ချေ။

ကျစ်ရှုက သူ့စကားကိုခေါင်းခါသော်လည်း,

"ဒေါက်တာ ကျွန်တော်တို့ မသွားမီကျွန်တော်တစ်ခုလောက်အကူအညီတောင်းလို့ရမလား ?"

သူတို့ကြားယခင်လိုပင် ပြန်လည်ဝေးကွာသလို ခံစားလိုက်ရသည်။

"ရတာပေါ့ ....မင်းဘာလိုချင်လဲ
မင်းလိုချင်တာမှန်သမျှ အကုန် ရစေရမယ်"

သူ့ရင်ထဲခါးသက်သက်ရှိနေသေးသော်လည်း
ထိုစကားမှလွဲ၍ ဘာတစ်ခုမှအိုက်ကျိယွီ ပြန်မပြောမိခဲ့။

.... ...

ကျန်းဝမ်ရွှီ ရဲစခန်းတွင် ခြောက်နာရီကြာမျှ
ထိန်းသိမ်းခံလိုက်ရသည် ။သူ့ကိုမေးလာသော မေးခွန်းများကိုလည်း ဖြေကြားနိုင်ခဲ့သည်။သူတစ်ဦးထဲ ပြန်ထွက်လာခဲ့ချိန်
တစ်ဝက်မျှ ဖွင့်ထားသော ဂိတ်တံခါးအနီးမှ
လေအဝှေ့တွင်ယိမ်းနွဲ့နေသော မိုးမခပင်ကို
ခေါင်းစောင်းကာကြည့်လိုက်မိသည်။

သူဒီနေ့ ဟယ်ကျစ်ရှုအားမတွေ့ခဲ့သော်လည်း ကျစ်ရှုနာမည်အား တမ်းတမိရုံဖြင့်ပင်မျက်ရည်များ ကျလာမိသည်။

သူမြင်တွေ့ခဲ့ရသော ဆရာဝန်လေးသည်
သူနှင့်စစတွေ့ချင်း တွင် သိမ်မွေ့နူးညံ့ကာ
ယဥ်ကျေးသော သူဖြစ်ပြီး ကျန်းဝမ်ရွှီဆို
သည့် သူ့နာမည်အား ကြားလိုက်ရချိန်တွင်
ချက်ခြင်းပင် ဒေါသတကြီး ဖြင့် တိုက်ခိုက်လာပုံက ယခင်ပုံစံနှင့်လားလားမျှမတူလျက်ရှိနေခဲ့သည်။ထိုအချိန်၌ ချက်ခြင်းပင် ရုတ်တရက်သူသိလိုက်ရသည်က
ထိုသို့ဖြစ်ခြင်း အလုံးစုံသည် ကျစ်ရှု ကြောင့်သာ ပြောင်းလဲသွားခြင်းဖြစ်နေခဲ့ခြင်းပင်။ထိုဆရာဝန်လေးသည် ကျစ်ရှုအား အမှန်တကယ်ပင် ဂရုစိုက်ကာချစ်ခင်ပေးခဲ့သူဖြစ်ပြီး သူကတော့မူလုံးဝပင်ခွင့်မလွှတ်နိုင်စရာ
ဆိုးသွမ်းသူဟုပင်သူ့ကိုယ်သူသိလာခဲ့ရသည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔जहाँ कहानियाँ रहती हैं। अभी खोजें