" စာချုပ်ကို ဖျက်သိမ်းမယ်?? "

ဒါရိုက်တာကျိုးက ရဲရင့်သောမျက်နှာထားဖြင့် " ဟုတ်ပါတယ် "

" စာချုပ်ကို ဖျက်သိမ်းမယ်?? ကျွန်မတို့ဝေ့ရင်းကြောင့် ရှင်တို့ရေမွှေးတံဆိပ်က နာမည်ရလာတယ်ဆိုတာ ရှင်တို့ဥက္ကဋ္ဌက မသိရင်တောင် ရှင်ကတော့ သိတယ် မဟုတ်ဘူးလား... ကျွန်မတို့ဝေ့ရင်းကသာ အဲ့ရေမွှေးကို မကြေညာပေးခဲ့ဘူးဆိုရင် ရှင်တို့ရေမွှေးတံဆိပ်က အခုလို နာမည်ရနေမယ်ထင်လို့လား... ရှင်တို့ဥက္ကဋ္ဌက အကျိုးရမြတ်များများရပြီးမှ ကျွန်မတို့ဝေ့ရင်းကို ဖြုတ်ချချင်နေတာ ဘာသဘောလဲ... ဒါက လုကော်ပိုရေးရှင်းရဲ့စီးပွားရေးလုပ်တဲ့နည်းတဲ့လား... "

ဒါရိုက်တာကျိုးသည် စိတ်ရှုပ်ထွေးလာပုံပင်... " ကျွန်တော်လည်း တကယ်စိတ်မကောင်းပါဘူး... ကျွန်တော်က ဒီကုမ္မဏီရဲ့PRဒါရိုက်တာတစ်ယောက်ပါပဲ... ကျွန်တော့်လို PRဒါရိုက်တာလေးတစ်ယောက်က ဥက္ကဋ္ဌလုရဲ့ဆုံးဖြတ်ချက်ကို ဘယ်လိုလို့ ​ပြင်ရဲမှာလဲ... "

ရှန်ဝေ့ရင်းသည် ဒါရိုက်တာကျိုးကို စိုက်ကြည့်နေခဲ့ပြီးနောက် ငွေပမာဏတစ်ခုကို ရေးလိုက်ပြီး ဒါရိုက်တာကျိုးဆီသို့ ပေးလိုက်ရင်း " ဒါရိုက်တာကျိုး... ကျွန်မ ဥက္ကဋ္ဌလုနဲ့ တိုက်ရိုက်စကားပြောချင်တယ် "

ရှန်ဝေ့ရင်းရေးပေးသောငွေပမာဏသည် အတော်လေးမက်မောစရာပင်...

အရင်ကသာဆိုလျှင် ဒါရိုက်တာကျိုးဟာ ထိုငွေကို လက်ခံလိုက်ပြီး ရှန်ဝေ့ရင်းကို ဥက္ကဋ္ဌလုနှင့် တွေ့ခွင့်ရအောင် လုပ်ပေးနိုင်လောက်၏... သို့သော် နေ့လည်မှကိစ္စကြောင့် ဒါရိုက်တာကျိုးဟာ သူ့ရှေ့မှ အမျိုးသမီးကို မကူညီရဲချေ...

" မစ္စရှန်... ကျွန်တော် တကယ် ဘာမှမတတ်နိုင်တာပါ... " ဒါရိုက်တာကျိုးဟာ ထိုသို့ပြောပြီးနောက် သူ့အသံကို တိုးလိုက်ကာ " ဥက္ကဋ္ဌလုက အင်တာနက်ပေါ်မှာပြန့်နေတဲ့ကောလဟလနဲ့အတင်းအဖျင်းတွေကို သိသွားတော့ အရမ်းဒေါသထွက်ပြီး အဲ့ကိစ္စနဲ့ပတ်သက်တာ မှန်သမျှကို ရှင်းခိုင်းလိုက်တာပါ... ပြီးတော့ နေ့လည်လောက်က မစ္စလု ရောက်လာတယ်လေ... ကျွန်တော် ထင်တာတော့ အင်တာနက်ပေါ်ကအကြောင်းတွေအားလုံးကို ​ဥက္ကဋ္ဌလုသိအောင် ပြောပြလိုက်တာက မစ္စလုပဲ "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now