လီဆွေ့ဆေးရုံ၏နောက်ကွယ်မှ
အဖွဲ့အစည်းငယ်မှာ
Hydraလို့ခေါ်ပြီး ၎င်းဌာနချုပ်သည်လည်း
ဤမြို့၏ဆင်ခြေဖုံးဒေသတွင်ရှိသည်။
Hydra၏အဓိကစီးပွားရေးလုပ်ငန်းမှာ
မူးယစ်ဆေးဝါးနှင့် အသားရောင်းဝယ်ရေးဖြစ်ပြီး
လက်အောက်ခံအဖွဲ့အစည်းမရှိသလို မြို့ပြင်ကို
ချဲ့ထွင်ဖို့လည်း မကြိုးစားဘဲ ခပ်လျှိုလျှိုသာ
နေကြသည်။

အချုပ်ဆိုရလျှင်: ဘာမှသိပ်အာရုံစိုက်စရာမလိုပေ။
သို့ပေမဲ့ အချက်အလက်တွေက ကွဲလွဲမှုများဖြင့်
ဟာကွက်များရှိနေပုံရသည်။

ရှီကျင်းသည် သူစိတ်ထင့်သောအပိုင်းတချို့ကို
ဝိုင်းခြစ်ပြီး တစ်အောင့်လောက်စဉ်းစားနေသည်။
ပြီးမှ ထရပ်ကာ အခန်းထဲမှထွက်လာလိုက်သည်။

လျန်ကျွင်းမှာ အစိုးရဘက်ခြမ်းက
လူတစ်ယောက်နှင့်အစည်းအဝေးထိုင်နေသဖြင့်
ရှီကျင်း မနှောင့်ယှက်တော့ဘဲ
အချိန်ခဏလောက်တွေးပြီးနောက်
လျန်ကျွင်းအတွက် နောက်တစ်နေ့စာမီနူးကို
ချရေးရန် မီးဖိုချောင်ဆီသို့ဦးတည်လိုက်သည်။
မနက်ဖြန် သူဒီမှာရှိတော့မှာမဟုတ်သည့်အတွက်
ဘာဟင်းပွဲပြင်သင့်သလဲ မီးဖိုချောင်ဝန်းထမ်းများ
ခေါင်းမခြောက်စေရန် လုပ်ပေးတာပိုကောင်းမည်။

ဒီလိုနဲ့ ရှီကျင်း ဧည့်ခန်းထဲဖြတ်လျှောက်သောအခါ
ဖေးယွီကျင့်ကို ထပ်တွေ့ပြန်သည်။ဒီတစ်ခါတော့
အရင်ကနဲ့မတူစွာ သူ့အစ်ကိုဟာမျက်ကွင်းမဲများနှင့်
ထိုင်းမှိုင်းမှိုင်းလူမဟုတ်တော့ဘဲ
အင်အားအပြည့်တက်ကြွနေပုံရသည်။ သူသည်
အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားကာ
သားရေလက်ဆွဲအိတ်ကိုင်လျက် သူလုပ်ကိုင်ရမည့်
အရာများကိုဖြေရှင်းရန် အပြင်ထွက်တော့မည့်ပုံ
ပေါ်သည်။

ရှီကျင်းလည်း မီနူးအပေါ်သာ
စိတ်ရောက်နေသဖြင့် သူ့ကိုတွေ့သောအခါ
သတိလက်လွတ်ဖြင့် လှမ်းမှာလိုက်သည်။

"ဒီနေ့မိုးရွာလိမ့်မယ်...ထီးယူသွားဖို့မမေ့နဲ့ဦး"

ဖေးယွီကျင့်ရပ်တန့်ကာ လူငယ်လေးကို
လှည့်ကြည့်လိုက်သော်လည်း မီးဖိုချောင်ထဲ
ဝင်သွားသောကျောပြင်လေးကိုသာ တွေ့လိုက်
ရသည်။ အဝင်ဝက ထီးစင်ကို တစ်ချက်ကြည့်ပြီး
မျက်မှောင်ကြုပ်မိလိုက်သည်။ ထို့နောက်မှာ
အနက်ရောင်ခေါက်ထီးတစ်လက်ကိုလှမ်းယူကာ
သူ့လက်ဆွဲအိတ်ထဲ ထိုးထည့်လိုက်လေသည်။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now