ကျစ်ရှုအစောကြီး အိပ်ခန်းထဲမှ အပြင်သိူ့
ထွက်လာခဲ့သည်။အာရုဏ်ဦးအလင်းရောင်က တရွေ့ရွှေ့တက်လာနေလျက်မနက်6နာရီ
ရှိနေပြီဖြစ်သည်။

ဧည့်ခန်းကမူ ယခင်အတိုင်း ပြန်လည်၍ သပ်သပ်ရပ်ရပ်ပင် ရှင်းထားပြီး ဖြစ်နေသည်။လွန်ခဲ့သောညက ကျိယွီ
ရိုက်ခွဲ ကန်ကျောက်ထားသည့် ပစ္စည်းများနှင့်အတူမည်သည့် အရိပ်အယောင်မျှပင်
ဧည့်ခန်းထဲ၌ စိုးစဥ်းမျှ မတွေ့ရ လျက်ရှိနေသည်။သို့သော် အခန်းတစ်ခန်းလုံး၌
များစွာရှိနေခဲ့သော တန်ဖိုးကြီး အလှပန်းအိုး
များနှင့်အတူ Song Kilned လက်ဖက်ခြောက်ထည့်ထားသော
စားပွဲတင် ရေနွေးခရားဆက်သည်လည်း
ပျောက်ဆုံးနေလျက်ရှိနေသည်။သို့သော်
လက်ဖက်ရည်စားပွဲပေါ်တွင်သကြားရည် နှင့်အတူ စတော်ဘယ်ရီသီးလေးများအားအလုံးလိုက်ပင် ရောနှော ခေါက်မွှေထားလျက်ထည့်ထားသော ကြွေပန်းကန်လုံးဖြူဖြူလေးအား ဇွန်းဖြူလေးစိုက်ထားလျက်ရှိသည်။

ထို့အတူ ကျိယွီသည် လည်း ဖုန်းကိုကြည့်ရင်း ဆိုဖာပေါ်တွင် ထိုင်လျက်ရှိနေသည်ကိုပါ တွေ့လိုက်ရသည်။ကျစ်ရှုထွက်လာသည်ကို
မြင်သောအခါ

"အစောကြီးနိုးနေတာလား "

သူ့လက်ထဲမှဖုန်းကို စားပွဲပေါ်ချလိုက်ရင်း
ထပ်ပြောလာခဲ့သည်။

"ဘာလို့ နည်းနည်းလောက်
ထပ်မအိပ်တာလဲ ? "

ယခင်အတိုင်းပင် သူ့အားချိုသာသော
အသံဖြင့် မနေ့ညကဘာပြသနာမှပင်ဖြစ်မထားသည့်အလား ကျစ်ရှုအားနူးညံ့စွာ မေးလာသည်။

သို့သော် ကျစ်ရှုက ကျိယွီ၏မျက်လုံးအောက်ခြေတွင် ညိုမှိုင်းနေလျက်သွေးခြေဥနေသော မျက်ဝန်းများအားသတိပြုမိလိုက်သည်မို့

"တောင်းပန်ပါတယ် "

ကျိယွီက သည်းခံခြင်းနှင့်အတူ အလိုလိုက်ခံရခြင်းတည်းဟူသော အဓိပ္ပါယ်များစွာဖြင့်
တခစ်ခစ်ရယ်လာသည်။

"အရူးလေး"

လက်များကို ကျစ်ရှုဆီ ဆန့်တန်းလျက်
ကလေးတစ်ယောက်အား မြတ်နိုးစွာထွေးပွေ့
လိုပုံဖြင့် ကမ်းလင့်ခြင်းနှင့်အတူ နူးညံ့စွာ
ပြုံးရင်း ပြောလာသည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Wo Geschichten leben. Entdecke jetzt