'အင်း...ကြာပန်းဖြူချင်းပြိုင် ဘယ်သူနိုင်မယ်ထင်လဲ ဥထဲကအစ်မ'

[System: နင်လို မာယာသောင်းခြောက်ထောင်နဲ့ကောင်ကို ဘယ်သူကနိုင်မှာလဲ] Systemရဲ့အဖြေကြောင့် ရှင်းရန်တစ်ယောက် ရယ်မောလိုက်ချင်ပေမယ့် သူ့ကိုယ်သူသရုပ်ဆောင်ရဦးမည်ဟု တွေးတောကာ ရယ်ချင်စိတ်တွေကို ဖျောက်လိုက်သည်။

"ငါ... ပြန်ချင်တယ် ..." အနည်းငယ်ဆိတ်ငြိမ်နေသည့်ပတ်ဝန်းကျင်တွင် ရှင်းရန်ရဲ့ကြောက်လန့်ကာတုန်လှုပ်နေသည့်အသံငယ်ဟာ အကုန်လုံးဆီကြားရန်လုံလောက်သည်။အန်းစ်တို့ဟာ ချက်ချင်းလှည့်လာကာ ရှင်းရန်ကို ကြည့်လိုက်တော့ အင်္ကျီအနားစလေးတွေကို ကိုင်ကာ ကြောက်လန့်တုန်လှုပ်နေပြီး သူတို့ကို အားကိုးတကြီးကြည့်နေသည့်မျက်ဝန်းလေးများကို တွေ့လိုက်ရတော့သည်။ဒါဟာ သူတို့ကိုနာကျင်စေတယ်။

"ရှင်းရန် မကြောက်နဲ့" အန်းစ်ဟာ ရှင်းရန်ရဲ့ကိုယ်လေးကို သူ့ရင်ခွင်ထဲထည့်ကာ ပြောလိုက်သည်။ဒီကိုယ်ငယ်​လေးဆီကနေ အကြောက်တရားကို အန်းစ်ခံစားနေရသည်။ဒါဟာ သူ့ကို ပိုဒေါသထွက်စေသည်။သူသာ အစတည်းက ဒီပွဲကို ရှင်းရန်ကို မခေါ်ဆောင်လာသင့်ပေ၊မဟုတ်ဘူး အစတည်းက သူ့အမေကို တားဆီးခဲ့သင့်တာ! အစတည်းက ရှင်းရန်ကို သူရဲ့နယ်မြေလေးမှာပဲ ထားပြီး ကာကွယ်ခဲ့သင့်တာ ဒါဆို ဘယ်သူမှ သူ့အမျိုးသားလေးကို နာကျင်အောင် လုပ်နိုင်မည်မဟုတ်ပေ။ အခုတော့ သူအသုံးမကျမှုတွေကြောင့်!

အန်းစ် အံ့ကြိတ်ထားတာကြောင့် ဘေးနားရှိ လီယိုနဲ့ခရစ်ဘ်ပင် အန်းစ်ဒေါသ ဘယ်လောက်ထွက်နေကြောင်းနားလည်လိုက်သည်။

"အိုရက်စ်... " တစ်ဖက်က ရစ်အမျိုးသားဟာ သူရွေးချယ်မည့်ကျားသစ်နက်သားရဲထီးရဲ့ရင်ခွင်ထဲရှိ အိုရက်စ်ကို စိတ်ထဲကနေ ရိုက်နှက်လိုက်ချင်ပေမယ့် အပေါ်ယံကတော့ သနားကြင်နာဖွယ်အစ်ကိုကြီးတစ်ယောက်လိုပင်။

"အိုရက်စ်.. မင်း ဘာကြောင့် ကျားမျိုးနွယ်မှာ ရှိမနေရတာလဲ" ထိုရစ်အမျိုးသားစကားကြောင့် ခရစ်ဘ်ဟာ မျက်မှောင်ကြုတ်သွားတော့သည်။ဒါပေမယ့် သူဟာ အန်းစ်လို ဝုန်းဒိုင်းကြဲသည့်လူမျိုးမဟုတ်တာကြောင့် တစ်ဖက်လူရဲ့စကားကို ဆုံးအောင်နားထောင်ရန် ဆုံးဖြတ်လိုက်သည်။

The beasts and The young manWhere stories live. Discover now