အခန်း ၂၅( ငါဟာ သေမျိုးလောက မှ လာတယ် ထာဝရကို ရှာဖွေတယ်..)

48 7 0
                                    

#ကျုပ်ကဆရာကြီး
အခန်း ၂၅
ဘာသာပြန်စာရေးဆရာ  - တင်အောင်ခိုင်
( ငါဟာ သေမျိုးလောက မှ လာတယ် ထာဝရကို ရှာဖွေတယ်..)

ကျင့်ကြံသူများမှာ လွတ်လွတ်လပ်လပ်ဟန်ဖြင့် လျှောက်မသွားရဲကြချေ။ ထိုအအနီးဝန်းကျင်တွင်သာ ပတ်လျှောက်နေကြသည်။ အင်မော်တယ် တစ်ယောက်၏ အိမ်သို့ လာရောက်လည်ပတ်နေရသည့်အလား နှလုံးသားထဲ ကြောက်ရွံမှု အံသြမှုတို့ နှင့် ပြည့်နှက်နေသည်။ အိမ်အတွင်းရှိ ဗိသုကာ လက်ရာ နှင့် အပြင်အဆင်မှာ အံအားသင့်စရာ ကောင်းလှသည်။ ကြွေပြားများ ၊ မှန်များ နှင့် အရာများစွာ အား သူတို့ တစ်သက် မမြင်ဖူးခဲ့ချေ။

ရတနာတွေ…ဒါတွေ အားလုံးက ရတနာတွေ ဖြစ်မယ်…

အင်မော်တယ်တွေ နေတဲ့ နေရာဆိုတာ ဒီလိုပဲ ဖြစ်ရမယ်..

ပိုင်လျိုရှောင်း တစ်နေရာသို့ လက်ညှိုးညွှန်လိုက်ကာ
“အဖေ..ကြည့်…အဲ့ဒါတွေက လေသန့်စင်စက် နဲ့ ရေသန့်စင်စက်တွေပဲ…”

ရှူး…

ကျောက်လောင်တု လေအေးတစ်ရှိုက် ရှူသွင်းမိလိုက်ကာ မျက်လုံးတို့ ပြူးကျယ်ဝိုင်းစက်သွားသည်။ ၄င်းတို့အကြောင်း ကြားဖူးထားသော်လည်း ကိုယ်တိုင် မျက်စိဖြင့် မြင်လိုက်ရသည်တွင် အံအားသင့်ရဆဲ ဖြစ်သည်။
ဒီနေရာက ရတနာတွေ ပြည့်နေတဲ့ ရှားပါးနေရာပဲ…

“မင်း အဲ့ဒါနဲ့တင် အထင်ကြီးနေတာလား…ဟိုကို ကြည့်စမ်း…အဲ့ဒါ ဘာလဲ…” ပိုင်ဝူချန်း အခန်းထောင့်တစ်နေရာ အား ညွှန်ပြလိုက်သည်။

“နတ်သတ်ကြွေ နတ်ဆိုးဓား…” ကျောက်လောင်တု အနားသို့ ပြေးသွားကာ အနီးကပ်ကြည့်လိုက်သည်။ ၄င်းမှာ နတ်သတ်ကြွေ နတ်ဆိုးဓားဖြစ်သည်ဆိုသည်အား သူ သေချာသွားခဲ့သည်။

“ဒါဆို သူ တကယ်ပဲ မင်းကို ကူညီပြီး ဓားနတ်ဆိုးကို သတ်ပေးခဲ့တာလား…” ကျောက်လောင်တု မေးသည်။

“ဘာလို့ မဟုတ်ရမှာလဲ…” ပိုင်ဝူချန်း ပြုံးကာ လေသံနိမ့်နိမ့်ဖြင့် ပြောလာခဲ့သည်။
“ဒီ ဆရာကြီးက ငါတို့ ဝမ်ကျင်းအင်မော်တယ်ဂိုဏ်း ဘိုးဘေးတွေ ရဲ့ မိတ်ဆွေ ဖြစ်လောက်မယ်လို့ ငါ ထင်နေတယ်…”

ကျုပ်ကဆရာကြီး ( လီနင်းဖန်)Waar verhalen tot leven komen. Ontdek het nu