အခန်း ၂၄( စားချိန်တန်ပြီ)

44 6 0
                                    

#ကျုပ်ကဆရာကြီး
အခန်း ၂၄
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
( စားချိန်တန်ပြီ)

နန်နန်း၏ တုံ့ပြန်မှု အား ကြည့်ပြီး လီနင်းဖန် လေးလေးနက်နက် တွေးမိလိုက်သည်။  နန်နန်း အား သူ အပြည့်အဝ ကုသပေးနိုင်ရန် မျှော်လင့်မိပေသည်။

ယခု နေ့လယ်စာ စားချိန်ရောက်ခါနီးပြီ ကြောင့် စားချင်သည့် အာသိသ အချို့ ဖြစ်နေမိသည်။ သူ စားခဲ့သည့် ကျားသစ်အသား မှာ အရသာ ရှိလှသည်။ သို့သော်လည်း သူ ငါးများမှ လွဲ၍ အခြား မည်သည့် တိရစ္ဆာန်မှ မမွေးမြူဖူးချေ။ တောရိုင်းကောင်များကိုလည်း ရှာရခက်သည်။ ဒါ့အပြင် သာမန်တောရိုင်းကောင်များ နှင့် ယှဉ်လျှင် မကောင်းဆိုးဝါးများ၏ အသားက ပိုမို နူးညံလှပြီး အရသာ ရှိပေသည်။

လီနင်းဖန် တိုးညှင်းစွာ ရေရွတ်လိုက်လေသည်။
“ ငါ တောရိုင်းသားအချို့ စားချင်နေတယ်…” သူ့အသံမှာ တိုးညှင်းလှသော်လည်း ကျင့်ကြံသူများ ရှင်းရှင်းလင်းလင်း ကြားလိုက်သည်။

ဆရာကြီး အရိပ်အမြွတ်ပြနေပြီ… ဒါ ငါတို့ကို စမ်းသပ်နေတာပဲ…

သူတို့မျက်လုံးများ ပြူးကျယ်နေကာ ရင်ဘတ်သည်လည်း နိမ့်ချည်မြင့်ချည် ဖြင့် စိတ်လှုပ်ရှားနေလေသည်။

“သခင်လေးလီ…ခင်ဗျား သဘောကျမယ်ဆိုရင် ကျွန်တော် ခင်ဗျားအတွက် သားကောင်အချို့ ယူလာခဲ့ပေးမယ်…” ပိုင်ဝူချန်း တွန့်ဆုတ်စွာ ပြောလိုက်လေသည်။

“သခင်လေးလီ … ဒါကို ငါ လည်း လုပ်ပေးမယ်…”  လင်ချင်းယွန် နှင့် ကျောက်လောင်တု တို့ အနည်းငယ် နောက်ကျသွားသော်လည်း နောက်ကျမခံကာ ပြောလာလေသည်။

လီနင်းဖန် သူတို့၏ စိတ်အားထက်သန်မှု အပေါ် အံအားသင့်သွားသည်။
“အမ်…ခင်ဗျားတို့ ဒီလောက်ထိ အားမနာကြပါနဲ့…”

“သခင်လေးလီ…ကျွန်မတို့ ရှင့် ပုံပြင်ကို အလကား နားထောင်ခဲ့တာပဲ…တောထဲက သားကောင်အချို့ ဖမ်းတာကတော့ ကျွန်မတို့ အနည်းဆုံး လုပ်ပေးနိုင်တာပါ…”
လင်ချင်းယွန် ပြောလာသည်။

ပိုင်ဝူချန်းမှာ ဓား အား သူ့ခြေထောက်အောက်သို့ ထားပြီးကာ ပျံသန်းရန် အသင့်ဖြစ်နေပြီး ပြောလာသည်။

ကျုပ်ကဆရာကြီး ( လီနင်းဖန်)Hikayelerin yaşadığı yer. Şimdi keşfedin