အခန်း ၁၈ ( ကျုပ် ဒါကို မီးထွန်းဖို့ သုံးလို့ ရသားပဲ )

49 7 0
                                    

#ကျုပ်ကဆရာကြီး
အခန်း ၁၈
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
( ကျုပ် ဒါကို မီးထွန်းဖို့ သုံးလို့ ရသားပဲ )

 
ထို ထမင်းရည်သည် သူတို့ကဲ့သို့ ကျင့်ကြံသူများကိုပင် ဆွဲဆောင်နေလေသည်။

ဒါက သာမန် ထမင်းရည် တစ်ခွက် ပဲလား…

အခြားသုံးယောက်မှာ ပိုင်လျိုရှောင်းအား နားမလည်စွာ ကြည့်နေသည်။ အခြားတစ်ဖက်တွင် သူမသည်တော့ ထမင်းရည် တစ်စက်မကျန် အပြောင်ရှင်းပြီလေပြီ။ ကျေနပ်သည့်ဟန်ဖြင့် ပြုံးကာ ဗိုက်လေးကိုပင် တစ်ချက် ပွတ်သပ်လိုက်၏။

“ဟူးးး”

သူမ သက်ပြင်းရှည်တစ်ချက် ချလိုက်လေသည်။ ထို ထမင်းရည်အတွက် လီနင်းဖန် အား ကျေးဇူးတင်ရပေမည်။ ယခု သူမ ဝမ်းဗိုက်အတွင်းမှ အပူစီးကျတစ်ခုအား ခံစားလာရ၏။ ၄င်းအား  သူမ ထိန်းချုပ်နိုင်ကြောင်း ခံစားမိကာ နားလည်နိုင်စွမ်းတို့မှာလည်း တစ်စထက် တစ်စ တိုးတက်လာလေသည်။ ရုတ်ချင်း သူမ စိတ်ထဲ ဟာလာဟင်းလင်း ဖြစ်သွားသည့်အလား အံအားသင့် ထူးဆန်းသည့် ခံစားချက် တို့ ခံစားလာရသည်။

“ရွှမ်း..”
ရုတ်တရက် သူမ နားထဲ ဉာဏ်အလင်းတို့၏ တေးသံ အား ကြားလိုက်ရသည်။ သူမ အမူအရာက ကျန်သုံးယောက်အား အံအားသင့်သွားစေ၏။

“သူ…သူ…”

ပိုင်ဝူချန်း နှင့် အခြားသုံးယောက်တို့၏ မျက်လုံးမှာ ပြူးကျယ်လာခဲ့၏။

စျာန်ဝင်စားတာ…ဒါ စျာန်ဝင်စားနေတာပဲ…

သူတို့၏ အသက်ရှူသံများ သာမန် မဟုတ်တော့ကာ တုန်လှုပ်စွာ ပြောလာခဲ့လေသည်။

ဘာကြောင့် သူမ စျာန်ဝင်စားရတာလဲ…

ရုတ်ချင်း သူတို့အားလုံး သဘောပေါက်သွားခဲ့သည်။ သူတို့ အကြည့်များမှာ စားပွဲထက်ရှိ ကျန်ရှိနေသော ထမင်းရည်ပန်းကန်အား ကြည့်မိလိုက်ကြသည်။

ဒါ သေချာပေါက် သာမန်ထမင်းရည် မဟုတ်နိုင်ဘူး…ဒီထမင်းရည်က အရမ်းအရသာရှိရုံ မကဘူး…ဉာဏ်အလင်းတွေပါ ပါရှိနေသေးတာလား…

လင်ချင်းယွန် လက်သီးအား တင်းတင်းဆုပ်မိလိုက်ကာ မျက်နှာတစ်ခုလုံး စိမ်းပြာသွားပြီး နှလုံးသားထဲ မီးတို့ လောင်ကျွမ်းလာရသည်။ သူမ ပါး သူမ ရိုက်လိုက်ချင်မိသည်။ ဟုတ်ပေသည် ဆရာကြီး စားသောက်သည့် ထမင်းရည်က မည်သို့ကြောင့် သာမန် ဖြစ်နိုင်မည်နည်း။ အမှိုက်ပင် လူတိုင်း လိုချင်နေသည့် ရတနာ ဖြစ်နိုင်နေသည် မဟုတ်လော…အဘယ်ကြောင့် ထိုမျှ အရသာရှိ အစွမ်းထက်သည့် ထမင်းရည်အား သောက်ရမည့် အခွင့်အရေး နှင့် လွဲချော်ခဲ့ရသနည်း။

ကျုပ်ကဆရာကြီး ( လီနင်းဖန်)Where stories live. Discover now