အခန်း ၃ (တကယ့်ဆရာကြီး အဖြစ် ပေါ်သွားပြီ )

105 11 0
                                    

ကျုပ်က ဆရာကြီး
အခန်း ၃
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(တကယ့်ဆရာကြီး အဖြစ် ပေါ်သွားပြီ )

မူရင်းဝတ္ထုအမည် - I am actually a cultivation Bigshot

ထူးခြားဆန်းကြယ်သည့် ခံစားချက်မှာ သူမ၏ ဦးနှောက်မှ တဆင့် တစ်ကိုယ်လုံးသို့ စီးဆင်းသွားသည်။ သူမ တစ်ကိုယ်လုံးရှိ အကြောများ ပွင့်ထွက်သွားသည့်အလား တမုဟုတ်ခြင်း လန်းဆန်းစွာ ခံစားလိုက်ရ၏။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်း….

လျိုရှီယူ သူမ၏ အရှေ့ရှိ ဖရဲသီးအား နားမလည်စွာ ကြည့်မိလိုက်သည်။

မယုံနိုင်စရာပဲ…ဒီ ဖရဲသီးက စိတ်ဝိညာဉ်ချီစွမ်းအင်တွေ ရှိရုံမကဘူး ဉာဏ်အလင်းတောင် ရစေတာလား…

ဉာဏ်အလင်း…၄င်းအား စိတ်ဆန္ဒ အသိအမြင် ဟု လည်း သိနိုင်သည်။ ကျင့်ကြံသူများအတွက် အဆင့်တက်နေစဉ်အတွင်း အလွန် ကံကောင်းမှ ရရှိနိုင်ခြင်း ဖြစ်သည်။ အခြားနည်းဖြင့် ဆိုရသော် ဉာဏ်အလင်းများမှာ ရှားပါးပြီး အဖိုးတန်လှသည်။ လျိုရှီယူ မှာ ကျင့်ကြံခြင်းအဆင့်တက်ခါနီး ဖြစ်သောကြောင့် ထို ဖရဲသီးအား စားလိုက်ချိန်တွင် ဉာဏ်အလင်း ရလိုက်ခြင်း ဖြစ်သည်။

ချက်ချင်းပင် သူမ က လီနင်းဖန် ၏ ပရိတ်သတ်မလေး တစ်ဦးအလား ဖြစ်သွားသည်။ သူမ ထရပ်လိုက်ကာ လီနင်းဖန် အား လေးလေးစားစားဖြင့် ဂါရဝပြုလိုက်၏။
“ကျွန်မကို အဆင့်တက်စေပြီး အခြေခံအုတ်မြစ် ခိုင်မာစေတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ…”

လီနင်းဖန် သခင်လေး အဖြစ်မှ စီနီယာ အဖြစ် မည်သို့ ပြောင်းလဲသွားသည်မှန်း နားမလည်လိုက်ချေ။ မည်သို့ဖြစ်သွားသည်လဲ သူ မသိတော့…

“ကျုပ် ပြောပြီးပြီလေ…ကျုပ်က သာမန်လူ …ပြီးတော့ ဒါကလည်း သာမန် ဖရဲသီးပဲလေ…မင်း အဆင့်တက်သွားတာ ကျုပ် နဲ့ ဘာဆိုင်လို့လဲ…ပြီးတော့ ဘာလို့ ကျုပ်ကို စီနီယာ လို့ ခေါ်တာလဲ…ကျုပ်က မင်းထက် အသက်ကြီးနေလို့လား… ” လီနင်းဖန် သူမအပေါ် လေသံ အနည်းငယ် မြင့်မိသွားသည်တွင် အပြစ်ရှိသလို ခံစားလိုက်ရသည်။

ကျုပ်ကဆရာကြီး ( လီနင်းဖန်)Tahanan ng mga kuwento. Tumuklas ngayon