ကျုပ်က ဆရာကြီး
အခန်း ၂
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
( သံသယဖြစ်စရာ ကျင့်ကြံသူကြီးလား...)ထို တဲ လေးမှာ ရိုးရှင်းပြီး သာမန်ဆန်လွန်းလှသည်။
"ဟေး...ဒီမှာ တစ်ယောက်ယောက်များ ရှိလား..." မင်းသမီးလေးမှာ တံခါးဆီသို့ ကြည့်၍ လှမ်းအော်လိုက်သည်။
ခလက်...
တံခါးမှာ လှစ်ဟလာလေသည်။ ၄င်းမှာ ငါးနှစ်တာ အတွင်း ပထမဆုံး အကြိမ် အဖြစ် ဧည့်သည်ရောက်လာခြင်း ဖြစ်သောကြောင့် လီနင်းဖန် တံခါးဆီမှ ချောင်းကြည့်လိုက်သည်။ တံခါးအရှေ့တွင် မိန်းမလှလေး တစ်ဦး ရပ်နေသည်အား မြင်သည်တွင် သူ့မျက်ခုံးများ ပင့်မိသည်အထိ အံအားသင့်သွားခဲ့၏။
"ဖြစ်နိုင်တာက ဘုရားသခင်က ငါ့ဆုတောင်းကို ပြန်ဖြေလိုက်တာလား... ချစ်သူ လိုချင်တယ်လို့ ပြောလိုက်တော့ သူ တစ်ယောက် လွှတ်လိုက်တာများလား..." သို့သော်လည်း ခေါင်းခါရမ်းကာ အတွေးတို့အား ပယ်ဖျက်လိုက်သည်။'
ထိုမိန်းကလေး ထံတွင် ချီစွမ်းအင် အငွေ့အသက် ရှိသည်ကြောင့် သေချာပေါက် ကျင့်ကြံသူ ဖြစ်ရပေမည်။ သူမ၏ အပြုအမူ နှင့် သိမ်မွေ့ပုံအရ မြင့်မြတ်သည့် မိသားစု မှ လာကြောင်း သိနိုင်သည်။ ထိုကဲ့သို့သော မိန်းကလေး မျိုး က သူကဲ့သို့သော လူတစ်ယောက်အား မည်သို့ အလိုရှိပါမည်နည်း...
တစ်ချိန်တည်းတွင် မင်းသမီးလေး သည်လည်း လီနင်းဖန် နှင့် ထပ်တူ အကဲခတ်နေလေသည်။ သူက သာမန်လူတစ်ယောက်သာ ဖြစ်ကြောင်း သိလိုက်ရသည်တွင် သူမ မျက်လုံးအတွင်း စိတ်ပျက်မှု အချို့ ဖြတ်ပြေးသွားသည်။ ယခု သူမ ရင်ဆိုင်နေရသည့် အခြေအနေ အား ဖြေရှင်းနိုင်ရေးအတွက် သိုသိုသိပ်သိပ်နေသည့် ပညာရှင်ကြီး နှင့်များ တွေ့မိမလားဟု မျှော်လင့်ခဲ့မိသည်။
မတတ်နိုင်ပေ။ သူမ ဒီသို့ ရောက်ရှိနေပြီ ဆိုမှတော့ အခြေအနေ ကြည့်ရန် လိုပေသည်။ ထိုကြောင့် သူမလေး ယဉ်ကျေးပြုငြာသည့် လေသံဖြင့် ပြောလာလေသည်။
"တွေ့ရတာ ဝမ်းသာပါတယ်ရှင့် ...ကျွန်မ က လျိုရှီယူ ပါ အထဲ ဝင်လာလို့ရမလား..."
![](https://img.wattpad.com/cover/291233651-288-k624732.jpg)
YOU ARE READING
ကျုပ်ကဆရာကြီး ( လီနင်းဖန်)
Fantasyအင်မော်တယ် တာအို ဆိုသည်မှာ ထာဝရ တည်ရှိသော်လည်း အင်မော်တယ် များအား ရှာရအလွန်ခက်ခဲပေသည်။ လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရောက်ရှိလာလေသည်။ သို့သော် သူ့ထံ ကျင့်ကြံရန် မျှော်လင့်ချက် မရှိကြောင်း သိပြီးသည့် အနောက်တွင်တော့...