☘️11☘️

2.3K 177 3
                                    

*UNICODE*

အမှောင်ကြီးထဲ နန်းတစ်ယောက်ထဲ။

ရုတ်တရက်‌ ဘေးကိုစမ်းမိတော့ ဘာမှမရှိ။
ခေါင်းကိုစမ်းကြည့်မိတော့ နှင်းဆီနီကလေးပန်ထားဆဲ။

မှောင်ရိပ်ထဲ အလင်းတစ်ခုရောက်လာတယ်။ရှေ့တိုးရင်း အလင်းနောက်လိုက်မိတော့
အိပ်ရာပေါ်မှာ ငုတ်တုတ်ထိုင်နေတဲ့နန်းကိုတွေ့လိုက်ရတယ်။
နန်းက အရင်လိုသပ်သပ်ရပ်ရပ်မရှိ။
ဆံပင်များဟာ ရှုပ်ပွလို့။
ချမ်း ပန်ပေးနေကျ နှင်းဆီနီနီလည်းမရှိ။

ခေါင်းစုတ်ဖွားနှင့်နန်းဟာ အင်မတန်မှစိတ်လွတ်နေပုံပေါ်သည်။
ထို့နောက် ရေခဲသေတ္တာထဲမှ ဘီယာတစ်ဘူးကိုယူကာ ဝရန်တာသို့ ထွက်ခဲ့သည်။ မိုးလင်းလုဆဲဆဲ မနက်ခင်းရဲ့ လေက သိပ်လတ်ဆတ်လွန်းပုံပေါ်သည်။
အေးလာသည့်လေကြောင့် အနွေးထည်အိတ်ကပ်ထဲစမ်းနေသည့် နန်းလက်တို့ကို အိတ်ကပ်ထဲမှပြန်ထုတ်လိုက်တော့ ဓားတစ်ချောင်းနဲ့အတူ စီးကရက်တစ်လိပ်ပါလာသည်။
နောက်အိတ်ကပ်တစ်ခုထဲမှ မီးခြစ်ကိုရ၍ ‌
အေးစက်စက် ခြောက်သွေ့သွေ့တိုက်ခတ်နေသော လေတို့ကို လက်ဝါးဖြင့်အုပ်ကွယ်၍ ဆေးလိပ်မီးညှိကာ အဆုတ်ထဲထိရောက်အောင် အားရပါးရ တစ်ချက်ရှူရှိုက်ပစ်လိုက်သည်။
အဲ့ဒါနန်းမဟုတ်ဘူး။

နန်းမြင်နေရတဲ့ နန်းက နန်းမဟုတ်ဘူး။

ဘာတွေဖြစ်နေတာလဲ။

ချမ်းကိုလိုက်ရှာကြည့်တော့လည်းမတွေ့။

ချမ်းရေ။ ချမ်းကလေးရေ။
မမကိုလာခေါ်ပါဦးကွယ်။

ခြံရှေ့ဆီမှ လူခေါ်ခေါင်းလောင်းသံကြားရ၍ထွက်ကြည့်မိတော့ နန်းနောက်မှ နန်းကလိုက်လို့လာသည်။

"နန်းငယ် မင်းသိပ်လှလာတယ်။"

"ရှင် ကျွန်မကို ဘယ်လိုရှာတွေ့တာလဲ။"

"ဟာ။ ကိုယ်က မင်းကို သိပ်ချစ်တော့ မ‌တွေ့တွေ့အောင်လိုက်ရှာရတာပေါ့။ ကိုကို မင်းကို သိပ်လွမ်းနေတာကွ။ သိရဲ့လား။"

တဲ့။ အဟက် ရယ်စရာကောင်းလိုက်တာ။ တခြားမိန်းမတစ်ယောက်နဲ့ဖောက်ပြန်ချင်တိုင်း ဖောက်ပြန်နေတဲ့ သူက တခြားမိန်းမတစ်ယောက်ကို သတိရလို့ လိုက်ရှာတယ်တဲ့။

Charm ☘️Where stories live. Discover now