*UNICODE*
"ချမ်းရေ"
"ဗျာ။ ဘွား"
"မယ်အေးကိုဖုန်းဆက်စမ်းပါဦးကွယ်။ ဘယ်နေ့ပြန်လာမလဲလို့။"
"မနက်ကပဲဆက်ပြီးပြီလေ ဘွားရဲ့။ မေမေတို့အလုပ်ကိစ္စမပြတ်သေးလို့ နောက်သုံးရက်လောက်ကြာဦးမယ်တဲ့။"
"အော်။ အေးကွယ်။ အဘွားလည်း မှတ်ဉာဏ်တွေမကောင်းတော့ပါဘူးကွယ်။"
"ဟီး။ ဘွားကဘာမှမမှတ်မိလည်း ချမ်းကိုမှတ်မိရင်ရပြီ။ ဟုတ်ပြီလား။"
"အဲ့တော့ ညည်းအမေက သူ့မမှတ်မိရကောင်းလား ဆိုပြီး ကျုပ်ကိုကောက်မှာပေါ့တော့်။"
"ဟားဟား။ ဘွားကလည်း။"
"ဟော။ ချမ်း။ မမကချမ်းအဝတ်အစားလဲတုန်းလားလို့။"
အရင်လို မြန်မာရင်ဖုံး အဖြူနဲ့ ထဘီအစိမ်းလေးမဟုတ်ဘဲ ဖလန်ထည်ချည်သားလက်ရှည်လေးကို တံတောင်ဆစ်ထိခေါက်ထားပြီး ဂျင်းဘောင်းဘီအရှည်လေးဝတ်ထားတော့ မမကပုံစံတစ်မျိုးပြောင်းကာ ကြည့်ကောင်းနေတယ်။
"မဟုတ်ပါဘူး မမရဲ့။ ပြီးနေပြီ။ ဘွားနဲ့စကားပြောနေလို့။"
"ဘယ်သွားမလို့လဲ သမီး နန်း။"
"နန်း ပိတ်ရက်မို့ ချမ်းကို ဟိုနားဒီနား လိုက်ပို့ခိုင်းမလို့ အဘွား။ တစ်ယောက်ထဲဖြစ်ရဲ့လားဟင်။"
"ဖြစ်ပါတယ် မြေးရဲ့။ သွားသွား။ ငချမ်းလေး နန်းကိုနေရာစုံအောင်ပို့ခဲ့နော်။"
"တစ်ရက်ထဲကို ဘယ်စုံမှာလဲ ဘွားရဲ့။"
"ဒါဆိုလည်း ကန်တော်ကြီးဘက်ပဲ ခဏသွားလိုက်ပေါ့"
"ဟုတ် ဘွား။ ဂရုစိုက်ပြီးနေခဲ့နော်။ ကဲ။ လာ မမ။ သွားကြမယ်။"
ဟု ပြောပြီး ဆိုင်ကယ်ဦးထုပ်ကလေး ကမ်းပေးလိုက်တော့ မမရဲ့အကျင့်ပါနေတဲ့လက်ကလေးက ဦးထုပ်ကို အရင်မဆောင်းသေးပဲ ကိုင်ထားလေရဲ့။ ဆံပင်တွေဖြည်ချထားတာမို့ ခါးလောက်ရှိတဲ့ဆံနွယ်တွေဟာ လေတလွင့်လွင့်။
ချမ်းလက်က ခေါင်းစည်းကြိုး အမဲကွင်းလေးကိုဖြုတ်ပေးလိုက်တော့ မမက သတိတရနဲ့ ခေါင်းကို ဖွဖွလေးစည်းတယ်။ ပြီးတော့ ဆိုင်ကယ်ပေါ် ညင်သာစွာတက်လိုက်ပြီး ဦးထုပ်ဆောင်းလိုက်တယ်။ နောက်ဆုံး ချမ်း ခါးကို ဖွဖွလေးဖက်တယ်။
YOU ARE READING
Charm ☘️
Romanceဒီဇင်ဘာရဲ့ အချမ်းဒဏ်ဟာ ချမ်းရဲ့ပါးချိုင့်နက်နက်ထဲ ပုန်းရှောင်နေလိုက်မှ သက်သာသွားတာ။ - နန်း နှောင်ကြိုးတွေ။ ဒီသံသရာကနေမလွတ်မြောက်ချင်စရာကောင်းတဲ့ အဲ့ဒီနှောင်ကြိုးတွေဟာ အပြုံးလှလှဝန်းရံတဲ့ မမနှုတ်ဖ...