*UNICODE*
မျက်လုံးတည့်တည်ဆီ ကျရောက်လာတဲ့ နေရောင်ခြည်ကြောင့် ချမ်းတစ်ယောက် လူးလှိမ့်ပြီး မနေနိုင်တော့သည့်အဆုံး အိပ်ရာမှထခဲ့ရတော့သည်။
နိုးနိုးချင်း ကိုက်ခဲနေသည့်ခေါင်းကြောင့် အိပ်ရာပေါ်တစ်ဖန်ပြန်လှဲလိုက်ရပြန်သည်။
တစ်ခန်းလုံး အပြာရောင်တွေနှင့် ကြည်လင်နေသော အခန်း။
ဒါ ဘယ်သူ့အခန်းလဲ။ ငါ ဘယ်ရောက်နေတာလဲ။ ညတွေဘာတွေဖြစ်ခဲ့လို့လဲ။ခဏကြာမှ တစ်ဖြည်းဖြည်းပြန်ပေါ်လာသော ပုံရိပ်တွေ။
မေ့နေလိုက်တာ ဒါမမအခန်းပဲ။
ကိုက်နေသောခေါင်းကြောင့် ထထိုင်လိုက်တော့ ကုတင်နားရှိ မှန်တင်ခုံပေါ်တွင် sticky note အဝါရောင်လေး။
"မမ ချမ်းကြိုက်တဲ့ ကြာဇံချက်လေး ဝယ်ထားတယ်။ နိုးရင်စားလိုက်နော် ချမ်းကလေး။"
တဲ့။
မနေ့ညကအကြောင်းနှင့်ပတ်သက်လို့ ဘာတစ်ခုမှပြောမထားခဲ့။
မတော်တဆ ချမ်းများ မမကို တစ်ခုခုလုပ်မိပြီလား။
နာရီကိုကြည့်မိတော့ မနက်ရှစ်နာရီသုံးဆယ့်ငါးမိနစ်တိတိ။
ဒီချိန်ဆို မမကျောင်းသွားချိန်ပဲ။
ချမ်းလိုက်မပို့ဘဲ မမဘယ်လိုများသွားသလဲ။"ကြီးကြီးမြရေ ကြီးကြီးမြ။"
"ဟော။ နိုးလာပြီလားဒေါ်ချမ်း။"
"မမရောဟင်။"
"ညည်းမမကအခုပဲကျောင်းသွားပြီ။ အရင်ဆို နှင်းဆီပန်းပန်နေကျ။ ဒီနေ့တော့ မရွှေချောက ဘာစိတ်ကူးပေါက်တယ်မသိ။ ပန်းတောင်မပန်သွားဘူးတော်။"
မမပြောဖူးသောစကားက နားထဲသို့အလိုလိုဝင်ရောက်လာသည်။
💭မမက ချမ်း ပေးတဲ့ပန်းကိုပဲပန်းမှာ
"မမကိုဘယ်သူလိုက်ပို့လဲဟင်။"
"ဒီတိုင်းလမ်းလျှောက်သွားမယ်ဆိုပြီး သွားလေသတဲ့။ မီဦးမယ်ထင်တယ်။ လိုက်ပို့လိုက်ပါလား ချမ်း။"
"ဟုတ်ဟုတ်။ ချမ်း အခုပဲလိုက်သွားဦးမယ်။"
အာ ဆိုင်ကယ်က ဟိုအိမ်မှာပဲ။
YOU ARE READING
Charm ☘️
Romanceဒီဇင်ဘာရဲ့ အချမ်းဒဏ်ဟာ ချမ်းရဲ့ပါးချိုင့်နက်နက်ထဲ ပုန်းရှောင်နေလိုက်မှ သက်သာသွားတာ။ - နန်း နှောင်ကြိုးတွေ။ ဒီသံသရာကနေမလွတ်မြောက်ချင်စရာကောင်းတဲ့ အဲ့ဒီနှောင်ကြိုးတွေဟာ အပြုံးလှလှဝန်းရံတဲ့ မမနှုတ်ဖ...