☘️5☘️(ZAWGYI)

725 32 0
                                    

"Christmas တောင် ကျောင်းမပိတ်ဘူးလားကွာ။ မမတို့ကျောင်းအုပ်ကြီးက သိပ်အပိုလုပ်တာပဲ။"

"ရှေ့ရက်တွေတုန်းက အားကစားပွဲတွေလုပ်ထားလို့ ဒီနေ့ကိုအချိန်ပိုသင်ခိုင်းတဲ့သဘောပါ ချမ်းရဲ့။"

"သူကကျောင်းဖွင့်လိုက်တော့ ချမ်းက မမနဲ့ movie date မလို့ကို ခုဘယ်လိုလုပ်ရတော့မလဲ။ ပြော။"

"ချမ်းလေးကလည်း။ မနက်မကြည့်ရတော့လည်း ညကျကြည့်မှာပေါ့။ မဟုတ်ဘူးလား။"

"ညကျ ချမ်းက အိမ်စောစောပြန်ရမှာလေ မမရဲ့။ မဖြစ်သေးပါဘူး။ ခွင့်တိုင်လိုက်ပါ မမရာ။ နော်။"

မမဟာ သူမအပြုံးလှလှကို ကြွားချင်၍ထင်သည်။ ခစ်ခနဲတစ်ချက်ရယ်လိုက်သေး၏။ ပြီးမှ

"ချမ်းက ကလေးဆိုးလေးပဲ။ ဒါဆိုလည်း ညကျ မမက ချမ်းအိမ်လိုက်အိပ်မယ်ကွယ်။ ဟုတ်ပြီလား။"

"တကယ်နော်။ မမ။ မမပြောတာနော်။"

"အင်းပါဆို။"

"ကတိပေး။ ကတိပေးပြီးရင်မဖျက်ကြေးနော်။ မေမေကအမြဲပြောတယ်။ လူကြီးဆိုတာ ကတိတည်ရတယ် တဲ့။ မမကလူကြီးနော်။ ကတိရမယ်။"

"ကဲ။ ဟုတ်ပါပြီရှင်။ ကတိပေးပါတယ်။ ကတိ။ ကတိ။ ရပြီလား။"

မမက လက်သန်းချင်းလာချိတ်ပြီး ကတိပေးတော့ လက်မချင်းခလုတ်တိုက်သွားတဲ့အချိန်
ချမ်းတစ်ယောက် ခန္ဓာကိုယ်အနှံ့ ဓာတ်လိုက်သွားလေရဲ့။

"ဒါဆိုလည်းပြီးရော။"

မမနဲ့ရုပ်ရှင်ကြည့်ရမယ်ဆိုပြီး မနက်‌အစောကြီးထဲကရောက်လာတာကို မမပြောလိုက်တဲ့ ကျောင်းသွားရမည် ဟူသောစကားကြောင့် အိမ်ကစားလာသော အစာကြေနေပြီဖြစ်သည့် ‌ရှမ်းခေါက်ဆွဲတို့ပင် အဖတ်လိုက်ပြန်ထွက်ချင်မတတ် နင်သွားသည်။ ခုတော့လည်း ညလာအိပ်မယ်ဆိုတော့ မဆိုးပါဘူးလေ။

"မမ ရေ‌ချိုးဦးမယ်မလား။ ချမ်း မမအတွက် ပန်းသွားခူးလိုက်ဦးမယ်။ နော်။"

"အင်း။"

ဟု ခေါင်းကလေးငြိမ့်ကာ ပြုံးပြသော မမအား အသည်းတယားယားနှင့် နမ်းလိုက်ချင်ပါ၏။

Charm ☘️Where stories live. Discover now