ဒီလိုအချစ်မျိုးက အရေးမကြီးဘူးလို့ သူမယုံကြည်သွားတာက ရှောင်ယွီ့ဆီမှာဖြစ်သွားတဲ့ကိစ္စကြောင့်ဆိုတာ အသေအချာပဲ။ အရေးကြီးတာက သူတို့က ကလေးအပေါ်စိတ်ရင်းမှန်ရဲ့လား၊ စိတ်ပါလက်ပါရှိရဲ့လားဆိုတာပဲ။

လင်ရှုယီက တံခါးဝမှာရပ်ကာ အထဲကိုကြည့်နေသည်။ ထောင်ထောင်က သူ့ရဲ့အိပ်ခန်းငယ်လေးထဲရောက်နေပြီဖြစ်ကာ နေ့ခင်းတ‌စ်ရေးတစ်မောအိပ်ဖို့အဆင်သင့်ဖြစ်နေပြီဖြစ်၏။ သူနာပြုလေးက သူ့ရဲ့အပေါ်ထပ်တွေကိုချွတ်‌လိုက်ပြီး onesieအပါးလေးတစ်ထည်ပဲဝတ်ထားတဲ့သူ့ကို သူ့ရဲ့သစ်သားကုတင်သေးသေးလေးပေါ်တင်ပေးလိုက်သည်။ ထောင်ထောင်က သူ့အခြေအနေကြောင့် အတော်လေးနောက်ကျမှလမ်းစလျှောက်သည်။ အခု သူက တစ်ခုခုကိုကိုင်ပြီး ခြေလှမ်းနည်းနည်းလောက်သာယိုင်တိုင်တိုင်လျှောက်နိုင်၏။ သူက သူ့ရဲ့သစ်သားကု‌တင်လေးပေါ်မှာလှဲရင်း မှန်နံရံအပြင်ဘက်မှာရပ်နေတဲ့ရှောင်ယွီ့ကို ပြုံးပြကာလက်ယမ်းပြနေသည်။ သူက လက်ယမ်းပြရင်းစကားပြောလိုက်သည်။ သူ့ရဲ့ပါးစပ်သဏ္ဍာန်အရတော့ သူ့အစ်ကို,ကိုခေါ်နေပုံရသည်။

ရှောင်ယွီက မှန်နံရံအပြင်မှာရပ်နေပြီး သူ့ကိုပြုံးကာပြန်ဖြေသည်။

"လိမ္မာနော် ထောင်ထောင်၊ မြန်မြန်အိပ်တော့။ ညီလေးနိုးလာရင် ကိုကိုက ညီလေးကို ကြက်ဥမုန့်ကျွေးမယ်။"

သူတို့က မှန်နံရံအထူကြီးနဲ့ပိုင်းခြားခံထားရပေမယ့် ထောင်ထောင်က ရှောင်ယွီ့စကားတွေကိုနားလည်ပုံရသည်။ သူက သူ့ရဲ့စပျစ်သီးလိုအနက်ရောင်မျက်လုံးတွေကိုမှေးစင်းလိုက်ပြီးမှ သူ့ကုတင်ပေါ်လိမ်လိမ်မာမာနဲ့ပြန်လှဲသည်။ သူက အိပ်ပျော်မသွားခင် အကြိမ်နည်းနည်းလောက်လှိမ့်လိုက်သေး၏။

နောက်ဆုံးမှာ သက်ပြင်းတစ်ချက်ကာ အပြင်ကိုလှည့်ထွက်သွားတဲ့ရှောင်ယွီတစ်ယောက် အခန်းအပြင်မှာအချိန်ခဏကြာအောင်ရပ်နေခဲ့တဲ့လူနှစ်ယောက်ကြောင့်လန့်သွားရသည်။

"မင်္ဂလာပါ အစ်ကိုတို့။"

ရှောင်ယွီက သူတို့ကိုမသိသည့်တိုင် ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လာသည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now