အခန်း - ၄၅ (U+Z) ဇာတ်သိမ်း

6K 251 4
                                    

(unicode)

အခန်း - ၄၅ (ဇာတ်သိမ်း)

        ဆယ်နှစ် ကုန်လွန်ပြီးသောအခါ... ။ မဏိဟေဝန် တောအုပ်၏ အနီး၌ အဆောက်အဦးတစ်ခု အသစ်ထပ်မံ ထွက်ပေါ်လာသည်။ ထိုအဆောက်အဦးက မဏိဟေဝန်တော၏ အစပ်၌ ရှိသည်ဖြစ်ရာ တိုင်းပြည်လေးခု၏ အလယ်ဗဟို၌ တည်ဆောက်ထားသည်ဟု ပြော၍ ရသည်။ ရာဇတိုင်း၊ ဒေဝတိုင်း၊ မာဂရတိုင်းနှင့်မဏိရောဂတိုင်းမှ တိုင်းသူပြည်သား အားလုံးက ထိုအဆောက်အဦးကြီးအား တိုင်းပြည်လေးခုလုံးမှ မြင်နိုင်ကြသည်။

အဘယ့်ကြောင့် ဆိုသော် ထိုအဆောက်အဦးကို ကောင်းကင်မျှော်စင်ဟု အမည်ပေးထားသောကြောင့်ပင် ဖြစ်သည်။ ကောင်းကင်မျှော်စင်ဆိုသည့်အတိုင်း အဆောက်အဦး၏ အမြင့်ပေမှာ ပေပေါင်း ခြောက်ဆယ်မျှ မြင့်မားသည်။

ထို့အတွက်ကြောင့် တိုင်းပြည် လေးခုလုံးမှ အလွယ်တကူ ကြည့်ရုံဖြင့် လှမ်းမြင်နေရခြင်းပင် ဖြစ်၏။

         ထိုအဆောက်အဦးကို မာဂရတိုင်း၏ ဘုရင် ဝေဠုမဏိမှ မဏိရောဂတိုင်း၏ ဘုရင် စက္ကပါလအတွက် တည်ဆောက်ပေးထားခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ လသာသည့် ​ညတိုင်းတွင် ကြယ်ရောင်စုံကလေးများကို အတူတူ ငေးကြည့်ကြရန်ပင် ဖြစ်သည်။ တိုင်းပြည်လေးခုမှ တိုင်းသူ ပြည်သားတို့သည် ထိုသတင်းကို ကြားသည့်အခါ များစွာ အံ့သြကြရသည်။ သူတို့နှစ်ဦး၏ ချစ်ခြင်းမေတ္တာကိုလည်း မြင်မိသွားကြသည်။

           ကမ္ဘာလောကကြီးအတွင်း နေထိုင်နေကြသည့် လူသားတိုင်းတွင် အချစ်ဟူသည့် အရာကို တွေ့ကြုံ၊ ခံစားဖူးကြပြီ ဖြစ်သည်။ မိသားစု အချစ်၊ သူငယ်ချင်းအချစ်၊ ညီအစ်ကို မောင်နှမအချစ် သို့တည်းမဟုတ် ရယူ၊ပိုင်ဆိုင်လိုကြသော အတ္တဆန်သောအချစ် စသည့် ဆန္ဒများစွာ ကဏ္ဍများစွာပင် ခွဲလိုက်ကြသေးသည်။ မည်သို့ပင် ဆိုစေကာမူ နောက်ဆုံးသော ဆိုလိုရင်းမှာ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် မေတ္တာထားရှိကြခြင်းပင် ဖြစ်သည်။ အချစ်ဟူသည့်အရာသည် ရိုးရှင်းသည်။

အရောင်မရှိ၊ အနံ့မရှိ၊ အလျားအနံကင်း၍ အသွားအပြန်ကိုပင် မမျှော်ကိုးသော ချစ်နေရုံဖြင့် ကျေနပ်နေခွင့်ရှိသော အရာပင် ဖြစ်သည်။

The Story Of A Prince (Complete - BL)Where stories live. Discover now