အခန်း - ၂၄ (U+Z)

1.6K 166 2
                                    

(unicode)

အခန်း - ၂၄

           စေသုဒ္ဓါပြည်၏ မြို့တော်အတွင်းမှ နာရီသံက လွင့်ပျံ၍ လာသည်။ စည်းချက်တကျ မြည်သံက ညနှစ်နာရီ ရှိကြောင်းကိုဖော်ပြနေသည်။ မကြာခင် မိုးလင်းတော့မည် ဖြစ်၏။ စေသုဒ္ဓါပြည်၏ နန်းမြို့တော်အတွင်း တစ်ခုသော နန်းဆောင်က မီလင်းနေသည်။ ထိုနန်းဆောင်သည် မင်းသားကြီး၏ နန်းဆောင်ပင် ဖြစ်သည်။ မင်းသားကြီး၏ နန်းဆောင်၌ မင်းသားကြီးအပါအဝင် သူ၏ မိသားစုက စားပွဲ တစ်ခုကို ဝန်းရံ၏ ထိုင်နေကြသည်။ သူတို့က မည်သည့်စကားကို ပြောနေကြသည် မသိသော်လည်း အရေးကြီးသည့် တစ်စုံတစ်ခုကို တိုင်ပင်နေကြကြောင်း သိသာလှသည်။

            မင်းသားကြီး၏ နန်းဆောင်အနောက်ဘက်တွင်တော့ လူတစ်စုက ခပ်ဖြည်းဖြည်း သွားလာနေသည်။ ကျားစစ်တပ်သည် သေသေချာချာ လေ့ကျင့်ပေးထားသည့် အထူးစစ်တပ် ဖြစ်သည့်အတွက် သူတို့၏ လှုပ်ရှားမှုက စနစ်ကျနလှသည်။ ကျားစစ်သည် တစ်ရာ၊ ကျားစစ်တပ် နှစ်ဦး၊ မင်းသားကြီး၏ မိသားစု ထိုအုပ်စုက မင်းသားကြီး၏ နန်းဆောင်အနောက်ဘက် မကြာသေးခင်ကမှ အသစ်ဖောက်လုပ်ထားဟန်ရှိသည့် လျှို့ဝှက်အပေါက်မှ ခပ်ဖြည်းဖြည်း ထွက်ခွာနေသည်။

မင်းသားကြီးသည် သူ၏ မယ်တော်နှင့် ညီမတော်နှစ်ပါးကို အထူးဂရုစိုက်နေဟန် ရှိသည်။ ထို့နောက်သူက နန်းဆောင်၏ အနောက်ဘက်မှ အပြင်ဘက်သို့ ထွက်သွားသည်။ ကျားစစ်တပ်သည် ခြေဟန်လက်ဟန်များနှင့် နောက်မှလိုက်လာသူ ရှိမရှိကို ကြည့်ပြီးနောက် ထိုလျှို့ဝှက်အပေါက်ကို အသေပိတ်ကာ အပြင်ဘက်သို့ ထွက်သွားကြသည်။

         လှုပ်ရှားမှုတိုင်းက နည်းစနစ် ကျသည်ဆိုခြင်းထက် ပိုသည်။ ထိုသို့သော လှုပ်ရှားမှုမျိုးကို သူတို့က အမြဲတစေ လုပ်ဖူးနေကြသည့် ပုံပင် ရှိ၏။ ကျားစစ်သည် တစ်ရာသည် ရုပ်ချည်း အင်အားစု ငါးစုအဖြစ် ပြောင်းလဲလိုက်သည်။ အင်အားစုတစ်စုလျှင် လူအရေအတွက် အယောက် နှစ်ဆယ်ခန့်ပါသည်။ ကျားသစ်တပ်မှုး နှစ်ဦးသည် မင်းသားကြီး၏ မိသားစုနှင့်အတူ သွားလာ လှုပ်ရှားနေသည်။ သူတို့နှစ်ဦး၏ အဓိက တာဝန်သည် မင်းသားကြီးနှင့် သူ့မိသားစုကို အသက်နှင့်ရင်း၍ ကာကွယ်ရန်ပင်ဖြစ်၏။ မင်းသားကြီးသည် လက်သုံးတော် မြကျောက်ဓားကို လက်၌ တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူ၏ မျက်လုံးတို့က ပတ်ဝန်းကျင်ကို အလွတ်မပေးပဲ သတိအပြည့်နှင့် လေ့လာနေသည်။

The Story Of A Prince (Complete - BL)Hikayelerin yaşadığı yer. Şimdi keşfedin